Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့တွင် စစ်​ကောင်စီတပ်က ​​၄ ရက်ဆက်ည​ရောက်တိုင်း ပစ်ခတ်​နေဟု ဒေသခံများပြော

စစ်​ကောင်စီသည် ယခုလပိုင်းအတွင်း လားရှိုး ၊မူဆယ် စသည့်မြို့ များသို့ စစ်အင်အားများစွာထပ်မံဖြည့်တင်းပြီး ခံစစ်ပြင်​နေ​​ကြောင်း​ဒေသခံအချို့ က​ပြောသည်။

(​ကျောက်မဲမြို့ကို ၂၀၂၀ ခုနှစ်တွင် အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-TINSS)
(​ကျောက်မဲမြို့ကို ၂၀၂၀ ခုနှစ်တွင် အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-TINSS)

ဆလိုင်း/People’s Spring

ကျောက်မဲမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မေလ ၂၆ရက်​နေ့မှစ၍ ညစဉ် သေနတ်ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများကပြောသည်။

ကျောက်မဲမြို့ပေါ်ရှိ One Love Hotel ရှေ့တွင် မေလ ၂၆ ရက် ည ၈နာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး မေလ ၃၀ရက်ညအထိ ညစဉ် သေနတ်ပစ်ခတ်သံများကြားနေခြင်းဖြစ်ကြောင်း ​ဒေသခံအချို့က​ပြောသည်။

“၅၀၂ဘက်ကနေ ပစ်ပစ်နေတာ။ အဲ့ဘက်က အသံကြားနေရတာ။ ကျောက်မဲက စစ်ရေးအခြေအနေပြန်လှုပ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်‌ကောင်စီက မေလ ၂၇ရက် မှစ၍ ည၇နာရီနောက်ပိုင်း ညမထွက်ရအမိန့်ထုတ်ထားပြီး ညစဉ် သေနတ်သံများကြားနေခြင်းဖြစ်​ကြောင်းသိရသည်။

“စစ်တပ်ဘက်က ပစ်နေတာ။ ဘာကြောင့်လဲ နားမလည်ဘူး။ တကယ်က သူတို့က တိုက်ပွဲဖြစ်မှာကြောက်နေကြတာလေ။ တရုတ်က ကျည်မထွက်နဲ့လို့ ပြောထားလို့မထွက်ရဲဘူးလေ”ဟု ဒေသခံတစ်ဦးကပြောသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီအခိုင်အမာစခန်းအဖြစ် ခမရ(၅၀၁) နှင့် ခမရ(၅၀၂) ရှိနေသည်။ကျောက်မဲမြို့တွင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကြီးမားသည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိပေ။ သို့သော် ကျောက်မဲမြို့၊‌ ရှေ့တန်းစခန်းတခုကို ၂၀၂၃ ဒီဇင်ဘာ ၇ရက်တွင် TNLAနှင့်မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနှင့်ရဲတပ်ဖွဲ့ဝင်သုံးဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ထ်န်းချုပ်ခဲ့သည်။

စစ်​ကောင်စီ၏ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ကို ဆက်လက်သိမ်းပိုက်ရန် စစ်ရေးပြင်ဆင်နေစဉ် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့ကြား ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်မှ စ၍ ဟိုင်ဂင်အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။

ထိုစာချုပ်အရအရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ယာယီအပစ်ခတ်ရပ်စဲထားသည်မှာ ​လေးလ​ကျော် ရှိပြီဖြစ်သည်။ စစ်ကောင်စီသည် အပစ်ရပ်စာချုပ်ကို အကြိမ်ကြိမ်ချိုးဖောက်နေကြောင်း မဟာမိတ်ညီနောင်သုံးဖွဲ့က မကြာခဏ ထုတ်ပြန်ထားသည်။

စစ်​ကောင်စီသည် ယခုလပိုင်းအတွင်း လားရှိုး ၊မူဆယ် စသည့်မြို့ များသို့ စစ်အင်အားများစွာထပ်မံဖြည့်တင်းပြီး ခံစစ်ပြင်​နေ​​ကြောင်း​ဒေသခံအချို့ က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။