Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်ရင်းတစ်ခုသာကျန်

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) လေးရက် မြောက်ဖြစ်သည့် ဇွန်လ ၂၈ရက်စစ်ရေးအခြေအနေကို ယနေ့(ဇွန်လ ၂၈ရက်)ညပိုင်း၌ ထုတ်ပြန်လာခြင်းဖြစ်သည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️မြို့နယ် ၅ခု၌ တိုက်ပွဲများဖြစ်ပြီး စစ်ဆင်ရေး ၄ရက်မြောက်အထိ စစ်ကောင်စီတပ်စခန်း ၃၀ခန့် သိမ်းပိုက်

▪️နောင်ချို ရဲစခန်းမှ သိမ်းပိုက်ရရှိသည့် မူးယစ်ဆေးဝါးများ အများပြည်သူရှေ့၌ ဖျက်ဆီးမည်ဟု TNLA ပြော

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ၏ တပ်ရင်းတစ်ခုသာကျန်တော့ပြီး ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) လေးရက် မြောက်ဖြစ်သည့် ဇွန်လ ၂၈ရက်စစ်ရေးအခြေအနေကို ယနေ့(ဇွန်လ ၂၈ရက်)ညပိုင်း၌ ထုတ်ပြန်လာခြင်းဖြစ်သည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ယနေ့ သတင်းများအရ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်စသည့်မြို့နယ်များတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ ယနေ့ ညနေပိုင်း၌ ကျောက်မဲမြို့နယ် ဂုတ်တွင်း၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နောင်ချိုမြို့တွင် စစ်ကောင်စီ၏ အမှတ်(၆၀၆) တပ်စခန်းတစ်ခုသာကျန်ရှိပြီး အဆိုပါစခန်းအား တအာင်းတပ်မတော် TNLA၊ MDY-PDF နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်ဖွဲ့တို့ က ယနေ့ ညနေပိုင်း၌ ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်နေကြောင်း ထုတ်ပြန်သည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ဇွန်လ ၂၇ရက် ညပိုင်းကလည်း နောင်ချိုမြို့ ခမရ(၁၁၄)တပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး ဇူလိုင် ၂၆ရက်ကလည်း ခမရ (၁၁၅)တပ်စခန်းကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိထားသည်ဟု အသိပေးသည်။

နောင်ချို့မြို့သိမ်းတိုက်ပွဲကို တအာင်းတပ်မတော် (TNLA)နှင့် ပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်လျက်ရှိရာ နောင်ချိုရဲစခန်းသိမ်းပိုက်စဉ် မူးယစ်ဆေးဝါးများစွာ ဖမ်းဆီးရမိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

အဆိုပါ မူးယစ်ဆေးဝါးများ၏ အရေအတွက် ဖော်ပြထားခြင်းမရှိသော်လည်း မှတ်တမ်း ဓာတ်ပုံများအရ ရာမ ဆေးပြားအများအပြားနှင့် ပါဝင်သည်ကို တွေ့ရသည်။ ထို့ပြင် အခြား မူးယစ်ဆေးဝါး ပစ္စည်းများ ဖမ်းမိခဲ့သည်ဟုဆိုသည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

“မူးယစ်ဆေးဝါးတွေကို အခြေအနေကောင်းသွားရင် အများပြည်သူရှေ့မှာဖျက်ဆီးတာမျိုးဒါမှမဟုတ်ရင်နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ အများပြည်သူ ရှေ့မှောက်မှာ အဲဒီလိုမျိုးတိုက်ဖျက်တာ လုပ်ဆောင်သွားမှာပါ” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ထို့အပြင် TNLAနှင့် MDY PDF ပူးပေါင်းတပ်သည် ယနေ့ နံနက်တွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ ခမရ (၅၀၁)၊ ခမရ(၅၀၂) တပ်စခန်းအား ထိုးစစ်ဆင်ခဲ့ကြောင်း၊ ကျောက်မဲမြို့နယ် နောင်ပြစ်ရွာလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းအား ယမန်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

TNLA ပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)ကို ဇွန်လ ၂၅ရက်က စတင်ခဲ့ရာ စစ်ဆင်ရေး လေးရက်အတွင်း စစ်ကောင်စီတပ်စခန်း ၃၀ ခန့်ကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ချသူများလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။