Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင်​မွေး​နေ့​တွင် ​တော်လှန်​ရေးတပ်များက စစ်​တပ်စခန်း များများသိမ်း​ပေးရန် ပြည်သူများလိုလား

People’s Spring က ဒေသအသီးသီးမှ ပြည်သူ၁၅ဦးကိုမေးမြန်းခဲ့ရာ ၁၅ဦးစလုံးက အာဏာသိမ်းခေါင်းဆောင်ကို မုန်းတီးရွံရှာသည်ဟု​ဖြေသည်။

အာဏာသိမ်းခေါင်းဆောင်​မွေး​နေ့​တွင် ​တော်လှန်​ရေးတပ်များက စစ်​တပ်စခန်း များများသိမ်း​ပေးရန် ပြည်သူများလိုလား
အာဏာသိမ်းခေါင်းဆောင်​မွေး​နေ့​တွင် ​တော်လှန်​ရေးတပ်များက စစ်​တပ်စခန်း များများသိမ်း​ပေးရန် ပြည်သူများလိုလား

မိထက်/People’s Spring

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်၏မွေးနေ့တွင် စခန်းသိမ်းတိုက်ပွဲများစွာ ပိုမိုဖော်ဆောင်ပေးရန် ​တော်လှန်​ရေးအဖွဲ့များအား ဒေသအသီးသီးရှိပြည်သူများကတောင်းဆိုသည်။

“ဒီနေ့ကလူစိတ်မရှိတဲ့ အာဏာရူးရဲ့မွေးနေ့။ ဌာနဆိုင်ရာဝန်ထမ်းသူငယ်ချင်းတစ်ယောက်ကပြောလို့ သတိထားမိတာ။ ဒီလိုနေ့မှာ စခန်းသိမ်းတိုက်ပွဲတွေပိုလုပ်ပေးပါ” ဟု ဧရာဝတီတိုင်း၊ ပုသိမ်မြို့မ ဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ် ဇူလိုင်လ ၃ရက်၌ မွေးသူဖြစ်ပြီး အသက်၆၈ နှစ်ရှိပြီဖြစ်သည်။ အသက်၆၀ ပြည့်လျင် အနားယူမည်ဟု တရားဝင်ထုတ်ဖော်ပြောကြားခဲ့ဖူးသော်လည်း အကြိမ်ကြိမ်သက်တမ်းတို့ပြီး အသက် ၆၄ နှစ်တွင် ​ရွေး​ကောက်ခံအရပ်သားအစိုးရကို လက်နက်အားကိုးဖြင့် အာဏာသိမ်းမှုကို ဦး​ဆောင်ခဲ့သူဖြစ်သည်။

Public Service Announcement

Public Service Announcement

” ကျနော်တို့ဘက်တွေငြိမ်နေတော့ စိတ်ထဲအားမရလှဘူး။ ဒါကလည်းလူကြီးတွေရဲ့ အစီအမံပဲ။ ဒီလိုနေ့မျိုးမှာ စခန်းသိမ်းအောင်ပွဲအသံတွေ ပိုကြားချင်တာပါ။ သတင်းကောင်းတွေမျှော်နေပါတယ်”ဟု စစ်ကိုင်းတိုင်း ယင်းမာပင်မြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ပဲခူးတိုင်း၊ သနပ်ပင်မြို့မှဒေသခံတဦးကလည်း ” ရိုးမထဲကတိုက်ပွဲသံတွေ မကြားရတာကြာပြီ။ ဒီနေ့လိုနေ့မျိုးမှာ စခန်းသိမ်းတိုက်ပွဲသတင်း ကြားချင်ပါတယ်။ ပြည်သူတွေက ဒီလိုသတင်းမျိုး ကြားချင်နေပါပြီ” ဟု ပြောသည်။

ပြည်ပ​ရောက်မြန်မာနိုင်ငံသားတစ်ဦးကလည်း အာဏာလု​ခေါင်း​ဆောင်၏ မွေး‌နေ့ကို သတိမထားမိဘဲ လူမှုကွန်ရက်သုံးမှသိရခြင်းဖြစ်ပြီး PDFများက ယ​နေ့တွင် စစ်​ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲများဖော် ဆောင်မည်ဟုယုံကြည်ကြောင်း မှတ်ချက်ပြုသည်။

People’s Spring က ဒေသအသီးသီးမှ ပြည်သူ၁၅ဦးကိုမေးမြန်းခဲ့ရာ ၁၅ဦးစလုံးက အာဏာသိမ်းခေါင်းဆောင်ကို မုန်းတီးရွံရှာသည်ဟု​ဖြေသည်။ ထို့အတူ ​တော်လှန်​ရေးတပ်ဖွဲ့များ၏ အောင်ပွဲရသတင်းများကို မျှော်နေမည်ဟုဆက်​ပြောသည်။

လားရှိုးမြို့ခံတစ်ဦးကမူ “ဒီမနက် လားရှိုးမှာတိုက်ပွဲဖြစ်နေပြီ။ မင်းအောင်လှိုင်ကို မြောက်ပိုင်းသုံးဖွဲ့ မွေးနေ့လက်ဆောင် ပေးတာဖြစ်မယ်” ဟုပြောသည်။

စစ်တပ် အငြိမ်းစားအရာရှိဟောင်းတစ်ဦးက လည်း “တော်တော်တော့ဂွကျတာပေါ့ဗျာ။ သူ့ မိသားစုအကျိုးစီးပွားတွေကို ကာကွယ်ဖို့ အာဏာရှိမှဖြစ်မှာမို့ သူအုပ်ချုပ်မှ ဖြစ်မယ်ဆိုပြီး အငြိမ်းစားမယူဘဲ ပေကပ်နေတာ။ ကျနော်တို့ကတော့သူ့ကိုကြောင်ချေးလို့ပဲခေါ်တယ်။ ဒီနေ့လည်း သူ့မွေးနေ့။ တပ်အသိုင်းအဝိုင်းမှာတင်ကို သူ့ကို စိတ်ပျက်ရကြောင်း ပြောနေကြတယ်” ဟုပြောသည်။

လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)PDF ပူးပေါင်းတပ်ဖွဲ့များက ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းမှစစ်ကောင်စီစခန်းအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို၊ အာရက္ခတပ်တော်(AA)ကလည်း ရခိုင်ပြည်နယ်မှစစ်ကောင်စီလက်ကျန်စခန်းများကိုဆက်လက်တိုက်ခိုက်နေသည်။ TNLA၊MNDAA၊AAပါဝင် သော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် MPY PDFအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်မန္တလေးတိုင်းအတွင်း ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) နှင့် ရှမ်းမန်းစစ်ဆင်​ရေးကို ဆင်နွှဲနေသည်။ထိုအပြင် ကရင်နီပြည် ၊ကရင်ပြည်နယ် ၊ တနသာ်ရီတိုင်းတို့တွင်လည်းတိုက်ပွဲများဖြစ်ပွား​နေသည်။

ထူးခြားမှုမှာ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်သည့် လားရှိုးမြို့မှ စစ်ကောင်စီစခန်းများ ကို MNDAA ၊ SSPP(SSA) နှင့် တော်လှန်ရေးအင်အားစုများကထိုးစစ်ဆင် တိုက်ခိုက်နေသည်။၂၀၂၃ ​အောက်တိုဘာ ၂၇ ရက်မှ စတင်ခဲ့​သော ၁၀၂၇ စစ်ဆင်​ရေးတွင် ညီ​နောင် သုံးဖွဲ့က ရှမ်း​မြောက်ရှိ မြို ၁၇ မြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီး လားရှိုးမြို့ နှင့် မူဆယ်မြို့ ရှိ စစ်တပ်စခန်းများကို ဝိုင်းထားချိန်တွင် တရုတ်နိုင်ငံ၏ကြားဝင်မှု​ကြောင့် ဟိုင်ဂင် သ​ဘောတူညီချက်အရ ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်တွင် အပစ်ရပ်ခဲ့ခြင်းဖြစ်သည်။

ငါးလ​ကျော်အပစ်ရပ်ပြီး​နောက် ရမခ ရှိရာလားရှိုးမြို့အနီးရှိ စစ်တပ်စခန်းများကို ​တော်လှန်​ရေးအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။

အာဏာသိမ်း​ခေါင်း​ဆောင်လက်​အောင်တွင် စစ်​ကောင်စီသည် မြို့​ပေါင်း ၆၀ ​ကျော်လက်လွတ်ဆုံးရှုံးခဲ့ပြီး ၊နိုင်ငံတစ်ဝန်း စစ်တပ်စခန်း​ပေါင်း နှစ်​ထောင်​ကျော်ဆုံးရှုံးခဲ့ကာ စစ်တပ်သမိုင်းတစ်​လျှောက် ဆုံးရှုံးမှုအများဆုံး နှင့် အထိအနာဆုံးကာလဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တက်ရောက်ခွင့်မရတဲ့အာဆီယံအဖွဲ့ရဲ့(၄၈) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့မှာဒီနေ့( မေလ ၈ ရက်)မှာစတင်ကျင်းပနေပါတယ်။

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လက်ခံတွေ့ဆုံမှုကို ရုရှားသမ္မတ အိမ်တော်ဖြစ်တဲ့ကရင်မလင် နန်းတော်ရဲ့တရားဝင် ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

သတင်း

မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ပွဲကို လုံခြုံရေးသတိနဲ့လုပ်ဖို့ စစ်ကောင်စီရဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ပွဲတော်ကျင်းပရေးကော်မတီကို သတိပေးပါတယ်။