Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင်ထိုင်းရောက်နေချိန်မြန်မာ-ထိုင်းနယ်စပ်မှာတိုက်ပွဲပြင်းထန်

စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲပြီးစစ်ကူ​ပေး

(မြန်မာ-ထိုင်းနယ်စပ်ကတိုက်ပွဲ​တွေကို ထိုင်းစစ်တပ်တာဝန်ရှိသူ​တွေက မှန်ဘီလူးနဲ့ကြည့်ရှုစဥ်။(ပုံ​ဟောင်းဖြစ်ပါတယ်)

ဩဂုတ်-၆၊၂၀၂၆။DEE/People’s Spring

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက်ရှိနေချိန်မှာ မြန်မာ-ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်းမှာဩဂုတ်၆ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ကလေယာဉ်နဲ့ ၂ကြိမ် ဗုံးကြဲသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ် တဦးကပြောပါတယ်။

” ရဲကုန်းအကျော်က ဒေသအခေါ် လေးဒေးနေရာမှာ တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲကတော့ မဖြစ်တဲ့နေ့ မရှိသလောက် ကြမ်းနေတာ။မင်းအောင်လှိုင်ဘန်ကောက်ရောက်နေလည်း တိုက်ပွဲက ဖြစ်နေတာပဲ”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီမြို့နားကဒေါန​တောင်တန်းအ​ရှေ့ခြမ်းမှာ သြဂုတ်လ ၃ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ခမရ(၂၀၃)တပ်ရင်းက ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအ၀င်စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး ပြုတ်သွားခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး(KNU)ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအပြီး စစ်မြေပြင်မှာစစ်တပ်တပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ အများအပြားကျန်ရစ်ခဲ့ပြီး လက်ရှိအချိန်မှာလက်နက်ရှစ် လက်နဲ့ ခဲယမ်းကျည်ဆံအချို့သိမ်းဆည်း ထားနိုင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။ ဒါ​ပေမယ့်သိမ်းဆည်းရရှိတဲ့လက်နက် ခဲယမ်း​တွေကိုသတင်း​ဓါတ်ပုံဖော်ပြတာမှာ လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရရှိခဲ့တာကို​တွေ့ရ့ပါတယ်။

မြဝတီမြို့​တောင်ဘက် ​ရဲကုန်းအနီး ဇူလိုင်လအတွင်းမှာပဲစစ်တပ်ရဲ့ ​စစ်​ကြောင်းတွေပျက်​အောင် ၂ ကြိမ်တိုင် ​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်ခဲ့ပါတယ်။

​တော်လှန်​ရေးတပ်​တွေက ရဲကုန်က​နေ ဆုတ်ခွာဟန်ပြုပြီး တက်လာတဲ့ စစ်​ကြောင်း​တွေကို တိုက်ခိုက်တာမှာ ဇူလိုင် ၁၆ ရက်က တိုက်ပွဲမှာစကခ (၁၃)လက်​အောက်ခံ ခမရ(၅၅၆)တပ်ရင်းဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ဦးစီးတဲ့ စစ်ကြောင်းကို ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာဒုတပ်ရင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးပြီးစစ်​ကြောင်းပျက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာခမရ(၅၅၆)တပ်ရင်းက စစ်မှုထမ်းစစ်သားသစ် ၄ ဦးကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းမိခဲ့ပါတယ်။

ဇူလိုင် ၂၁ ရက်မှာလည်း ရဲကုန်းအနီး စစ်တပ်စစ်​ကြောင်းကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်တာမှာ ​စစ်သား​တွေသေဆုံး ဒဏ်ရာရသူများပြီး စစ်​ကြောင်းပျက်ပြီး ပြန်ဆုတ်ခဲ့ပါတယ်။ မြဝတီ​မြို့တောင်ဘက်ရှိ ဖလူး ၊မင်းလက်ပံ​ဒေသကို စစ်တပ်က အင်အား​ထောင်ချီသုံးပြီး ဇူလိုင်လကစ စစ်​ကြောင်း​တွေထိုး​နေ​ပေမယ့် ​တော်လှန်​ရေးတပ်​တွေရဲ့ ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပါဘူး။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံ ခရီးစဉ် လာရောက်စဉ်အတွင်း ဆန္ဒပြကန့်ကွက်မှုမရှိအောင် ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားအရေးလှုပ်ရှားသူတွေအပေါ် အတင်းအကြပ်ဖိအားပေးနေပါတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့ရောက်ရှိတဲ့ ဒီကနေ့ မှာဘဲ မြန်မာလုပ်သားအရေးဆောင်ရွက်နေတဲ့ Bright Future အဖွဲ့က ဒီကနေ့ နေ့လည်ပိုင်းမှာ ဘန်ကောက်မြို့က ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ ဆန္ဒပြဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်