Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုသိမ်းပိုက်ပြီးနောက် တန့်ယန်းမြို့ရှိစစ်​ကောင်စီတပ်စခန်းအချို့ကို TNLAစတင်ထိုးစစ်ဆင်

လားရှိုးမြို့တွင်လည်း ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ခဲ့သော်လည်း TNLA၏ စစ်ရေး သတင်းထုတ်ပြန်ချက်တွင် လားရှိုးတိုက်ပွဲအခြေအနေ ဖော်ပြမထားပေ။

(နောက်ချိုမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော TNLA ပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(နောက်ချိုမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော TNLA ပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - TNLA)

▪️နောင်ချိုရှိ စစ်ကောင်စီ လက်ကျန်စခန်း (၆၀၆) ဒုံးတပ်ရင်းသိမ်းပိုက်နိုင်၊ စစ်ကောင်စီ မြို့ကို လေကြာင်းတိုက်ခိုက်ဟု TNLA ထုတ်ပြန်

ဟန်နွေ/People’s Spring

ရှမ်းမြောက်ရှိ နောင်ချိုမြို့ရှိ လက်ကျန်တပ်စခန်းသိမ်းပိုက်ပြီးနောက် တန့်ယန်းမြို့နယ်ရှိ စစ် ကောင်စီတပ်စခန်းအချို့ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန် အသိပေးသည်။

တအာင်းတပ်မတော် PSLF/TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့သည် နောင်ချိုမြို့ရှိ စစ်ကောင်စီ​၏ လက်ကျန်ဒုံးတပ်ရင်း(၆၀၆)ကို ဇူလိုင် ၁၀ရက် မွန်းလွဲ ၃နာရီတွင် သိမ်းနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(နောက်ချိုမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော TNLA ပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(နောက်ချိုမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော TNLA ပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ – TNLA)

နောင်ချိုမြို့နယ် သဲခေါ်ရွာအနီးတဝိုက်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားသကဲ့သို့ တန့်ယန်းမြို့နယ် နားဆောင်ကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီ​၏ မန်ကတ်စခန်းနှင့် မန်ပတ်စခန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နောင်ချိုမြို့အတွင်းသို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် (၂)ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟုလည်း အသိပေးထားသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းရရှိမှု၊ ထိခိုက်ကျဆုံးမှု အခြေအနေများဖော်ပြထားခြင်းမရှိသကဲ့သို့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိမရှိကိုလည်း ဖော်ပြမထားပေ။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဇွန်လ၂၅ရက် တွင် စတင်ခဲ့ရာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ မြို့များရှိ စစ်ကောင်စီတပ်စခန်းများကို TNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီစခန်းကို စတင်တိုက်ခိုက်ခြင်းလည်းဖြစ်သည်။

မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားအနီးတွင်လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃နှင့် TNLA၊ PLAနှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ်ဖြင့် လက်နက်ခဲယမ်းများ (၆)ကြိမ် ပေးပို့ခဲ့ပြီး၊ မိုးမိတ်မြို့အတွင်း Y12 ဖြင့် ဗုံး (၁၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

လားရှိုးမြို့တွင်လည်း ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ခဲ့သော်လည်း TNLA၏ စစ်ရေး သတင်းထုတ်ပြန်ချက်တွင် လားရှိုးတိုက်ပွဲအခြေအနေ ဖော်ပြမထားပေ။

(နောက်ချိုမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော TNLA ပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(နောက်ချိုမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော TNLA ပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ – TNLA)

လားရှိုးမြို့ကို ကိုးကန့်တပ်(MNDAA) ပါဝင်သည့် မဟာမိတ်တပ်များက ဇူလိုင် ၃ရက်မှစတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး အရပ်သားထိခိုက်မှုများလည်းရှိသည်။

ယနေ့တွင်လည်း လားရှိုးမြို့ ရပ်ကွက်(၉)တွင် စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီး ပေါက်ကွဲ၍ ကလေးငယ်တစ်ဦး ၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၀ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

အလားတူ မိုးကုတ်မြို့အရှေ့ပိုင်းရှိ မင်းတံတားတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား နှစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့သည့် အပြင် နေအိမ် နှစ်လုံး ထက်မနည်းထိခိုက်ပျက်စီးခဲ့ဟု အသိပေးသည်။

စစ်ဆင်ရေးစတင်ခဲ့သည့် ဇွန်လ ၂၅ရက်မှ ယနေ့ ဇူလိုင် ၁၀ရက်အထိ အရပ်သား ထိခိုက်သေဆုံးမှု ၅၄ဦးရှိပြီး ၈၂ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်ခဲ့ပြီး အရပ်သားသေဆုံးမှုမှာ စစ် ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးကြောင့်ဟု ဖော်ပြသည်။

ထိုအပြင် အရပ်သားပြည်သူနေအိမ် ၉၀ထက်မနည်းထိခိုက်ပျက်စီးခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။