Connect with us

Hi, what are you looking for?

သတင်း

မလှိုင်တွင် စစ်တပ်ရောင်းချနေသောဆိုင်ခန်းများ အာမခံချက်မရှိဟု ပအဖ သတိပေး

မလှိုင်မြို့ ဂေါက်ကွင်းအနီး၊ စည်ပင်ပိုင် မြေနေရာတွင် ကားကွင်းပြုလုပ်မည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဆိုင်ခန်းများ ဆောက်လုပ်ရောင်းချနေကြောင်း မလှိုင် ပအဖက ပြောသည်။

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့တွင် စစ်ကောင်စီတပ်က ဆိုင်ခန်းများဆောက်လုပ်ရောင်းချနေပြီး ဝယ်ယူသူများအား ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုမည်မဟုတ်ဟု ပြည်သူ့အု​ပ်ချုပ်ရေးအဖွဲ့-မလှိုင်မြို့နယ်ကဇူလိုင်၃၁ရက်တွင် သတိပေး ထုတ်ပြန်သည်။

မလှိုင်မြို့ ဂေါက်ကွင်းအနီး၊ စည်ပင်ပိုင် မြေနေရာတွင် ကားကွင်းပြုလုပ်မည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဆိုင်ခန်းများ ဆောက်လုပ်ရောင်းချနေကြောင်း မလှိုင် ပအဖက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဆိုင်ခန်းများ ဝယ်ယူရန်ပြင်ဆင်နေသော လုပ်ငန်းရှင်နှင့် ပြည်သူများအနေဖြင့် ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကို သုံးသပ်ပြီးမှ ဆုံးဖြတ်ကြရန် မလှိုင်ပအဖက တိုက်တွန်းသည်။

ယခုအခါ မန္တလေးတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေရာ မလှိုင်မြို့ကို သိမ်းပိုက်ပြီးပါက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယင်းဆိုင်ခန်းများကို အသိအမှတ်ပြုမည်မဟုတ်ဘဲ ပြန်လည်သိမ်းဆည်း၍ မြို့နေပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပြန်လည်စီမံခန့်ခွဲသွားမည်ဟု အသိပေးထားသည်။

“စစ်အာဏာရှင်လက်ထက်တိုင်းမှာ ပြည်သူပိုင်ပစ္စည်းတွေ ရောင်းချပြီး အိပ်ကပ်ထဲ ထည့်သွားတာများသလို အာဏာရှင်နဲ့ အပေါင်းအပါတွေပဲ ခိုးဝှက်ရယူသွားတာပါ။ ယခုမြေတွေ သိမ်းဆည်းစဥ်ကာလကလည်း အဓမ္မသိမ်းဆည်းခံထားရတာ။ ယခုချိန်ထိ ထိုက်သင့်တဲ့လျော်ကြေး မပေးရသေးပါဘူး”ဟု မလှိုင်ပအဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို အဓမ္မရယူသည့် အဖွဲ့အစည်းဖြစ်၍ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း ၎င်းတို့ရောင်းချသော မည်သည့်စီမံကိန်းမဆို အသိအမှတ်မပြုဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြေညာထားသည်။

မလှိုင်မြို့နယ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ သတ်ဖြတ်ခံနေရ၍ စစ်ကောင်စီက လမ်းပိုင်းအချို့၊ ကျေးရွာအချို့၌ တပ်စွဲထားပြီး ပြည်သူများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။