Connect with us

Hi, what are you looking for?

သတင်း

ရမခမှ ဖမ်းမိသုံ့ပန်းများထဲတွင် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သူများပါဝင်

လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)သိမ်းပိုက်ခဲ့သည့်တိုက်ပွဲ၌ MNDAAက ဖမ်းဆီးp ရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ၂၀၁၇ခုနှစ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သူများပါဝင်နေသည်။

လားရှိုး ရမခ အတွင်းရှိ စစ်သားနှင့် မိသားစုများMNDAA ဦး​ဆောင်​သော​တော်လှန်ရေးတပ်များထံ လက်နက်ချ​နေစဥ်။ ဓါတ်ပုံ- CJ

မိထက်/People’s Spring

လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)သိမ်းပိုက်ခဲ့သည့်တိုက်ပွဲ၌ MNDAAက ဖမ်းဆီးp ရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ၂၀၁၇ခုနှစ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သူများပါဝင်နေသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ဦး​ဆောင်​သော​တော်လှန်​ရေးတပ်များက ရမခ ကို ဩဂုတ်လ ၃ရက်တွင် သိမ်းယူလိုက်ပြီးနောက် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေးအပါအဝင် စစ်ကောင်စီအရာရှိနှင့် စစ်သား ၊မိသားစုဝင်များအပါအဝင် စုစု​ပေါင်းလေးထောင်ကျော် ဖမ်းမိခဲ့သည်။

ဖမ်းဆီးခံရသူများအနက် အချို့သည် ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောမြို့တွင် ၂၀၁၇ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်တပ်ဦး‌ဆောက်၍ နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်ဖြင့် ရိုဟင်ဂျာလူမျိုးများအ​ပေါ် လူသတ် ၊မုဒိမ်းကျင့် ၊လုယက်အကြမ်းဖက် ၊​ကျေးရွာများကို မီးရှို့​သော စစ်ရာဇဝတ်မှုများကိုကျူးလွန်ခဲ့သူများပါဝင်သည်ဟု လက်ရှိဖမ်းဆီးခံထားရသူများနှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောသည်။

Public Service Announcement

Public Service Announcement

” ကိုးကန့်ဖမ်းထားတဲ့ စစ်သားတွေထဲမှာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု တရားခံတွေပါတယ်။ ၂၀၁၇ တုန်းက ဘူးသီးတောင်၊မောင်တောမှာ တာဝန်ကျပြီး အခု လားရှိူးကိုရောက်နေသူတွေ အများကြီးပဲ” ဟု အာဏာသိမ်းစစ်တပ်မှ အငြိမ်းစားဗိုလ်မှူးတစ်ဦးကပြောသည်။

ဖမ်းမိထား​သောစစ်သားများထဲမှ စစ်ရာဇဝတ်မှုကျူးလွန်ထားသူများကို ​​ဖော်ထုတ်နိုင်ရန် MNDAA နှင့်​တော်လှန်​ရေးအင်စုများ ၊ရိုဟင်ဂျာအရေးလှုပ်ရှားသူများကပူး​ပေါင်း၍ သေချာစိစစ်၍ သက်သေအထောက်အထားယူရန်လိုအပ်ကြောင်း လက်ရှိပြည်တွင်းတွင် နေထိုင်သည့် လူ့အခွင့်အ​ရေးအရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

၂၀၁၇ ခုနှစ်က ဖြစ်ခဲ့သည့် စစ်တပ်ဦးဆောင်သော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွင် က​လေးငယ် ၊အမျိုးသမီးများအပါအဝင် ရိုဟင်ဂျာ ​ထောင်ချီ သတ်ဖြတ်ခံရပြီး ၊ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ခုနှစ်သိန်း ကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည့် အထောက်အထားများတွေ့ရှိရကြောင်း ယင်းဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်နေသည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ဆိုထားသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင်၊ ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံ၏ ထောက်ခံမှုဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို တရားစွဲဆိုထားသည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ချမှတ်ရန် တာဝန်ပျက်ကွက်ခဲ့ခြင်းဖြင့် လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ် (Genocide Convention) ကို ချိုးဖောက်ခဲ့သည်ဟု တရားစွဲဆိုခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချနိုင်ဖို့ ရည်ရွယ်ထားသူတွေကို တင်ဆောင်သွားတဲ့ လှေတစ်စီး နစ်မြုပ်ပြီး ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ စုစုပေါင်း ၂၅၀ ဝန်းကျင် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ အမြင်အာရုံ ချွတ်ယွင်းနေတဲ့ ရိုဟင်ဂျာ အမျိုးသား တစ်ဦးကို နယ်စပ် လုံခြုံရေး အေးဂျင့်တွေက မိသားစုဆီ သေချာ မအပ်နှံဘဲ ပြန်လွှတ်ပေးခဲ့ရာက သေဆုံးသွားခဲ့ပါတယ်။

သတင်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အရပ်သားအစိုးရအဖွဲ့ကို ထပ်မံအာဏာသိမ်းဖို့အထိ အတင့်ရဲလာခဲ့တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။