Connect with us

Hi, what are you looking for?

သတင်း

ရမခရှိ ဘန်ကာအတွင်း စစ်တပ် စွန့်ပစ်ထားသည့် ဒဏ်ရာရတပ်ဖွဲ့ဝင် ၁၃ဦးရှာတွေ့ပြီး MNDAA ကယ်ထုတ်ကုသပေး

လားရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အတွင်း စစ်ကောင်စီတပ်က စွန့်ပစ်ထားခဲ့သည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးကို ရှာဖွေတွေ့ရှိ ကယ်ထုတ်ကာ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

လားရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အတွင်း စစ်ကောင်စီတပ်က စွန့်ပစ်ထားခဲ့သည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးကို ရှာဖွေတွေ့ရှိ ကယ်ထုတ်ကာ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

MNDAA၏ ယမန်နေ့ (ဩဂုတ် ၉ရက်)ထုတ်ပြန်ချက်တွင် ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၃ဦးသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ရက်အတော်ကြာ စွန့်ပစ်ခံခဲ့ရပြီး မဟာမိတ်တပ်က ကယ်တင်နိုင်ချိန်တွင်အချို့က သေလုမြောပါး ဖြစ်နေပြီဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လားရှိုးမြို့အနီးရှိ အထင်ကရ နေရာများတွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန လုပ်ငန်းအဖွဲ့မှ အထူးဒေသအလံနှင့် MNDAA တပ်မတော်အလံများ လွှင့်တင်ထားစဉ်။ ဓာတ်ပုံ – MNDAA

ဩဂုတ် ၈ရက်က လားရှိုး ရမခကို မဟာမိတ်တပ်က စစ်ဆေးရာတွင် စွန့်ပစ်ခံရသော ဒဏ်ရာရ စစ်သည်များကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဒဏ်ရာရစစ်သည်များသည် ဘန်ကာအောက်တွင် ပုန်းအောင်းကာ ရှင်သန်နေသေးသည်ကို တွေ့ရကြောင်း၊ ၎င်းတို့သည် ရက်အတန်ကြာ ဆာလောင်မှု ၊ အအေးမိခြင်းနှင့် အနာပိုးဝင်ခြင်းတို့ ခံစားရ၍ သေလုမြောပါးဖြစ်နုကြောင်း ဖော်ပြထားသည်။

စစ်ဆေးရှာဖွေရေး တာဝန်ယူထားသည့် မဟာမိတ်တပ်သားများက ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရှိပြီးနောက် ၎င်းတို့အား ချက်ချင်း ကယ်ထုတ်ကာ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန် ကျန်းမာရေးဝန်ထမ်းများထံ ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၊ ထပ်မံ ၍ ကုသမှုခံယူရန် နောက်တန်းဆေးရုံပို့ဆောင်ခဲ့ကြောင်း အသိပေးသည်။

နိုင်ငံတကာ ဥပဒေအရ စစ်သုံ့ပမ်းများနှင့် အရပ်သားများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုသမှု၊ အကာအကွယ် ပေးရန် တာဝန်ရှိကြောင်း၊ အခြေခံလူ့ဂုဏ်သိက္ခာ အခွင့်အရေးများကို ကာကွယ်ပေးရန် နှစ်ဖက်စလုံးမှ တာဝန်ရှိကြောင်း ဖော်ပြသည်။

အတွေးအခေါ်နှင့် ခံယူချက်ရှိသည့် MNTJP ပါတီ၏ ဦးဆောင်မှုအောက်တွင် မဟာမိတ်တပ်ဖွဲ့သည်လူသားချင်းစာနာမှု စိတ်ဓာတ်ကို အမြဲ လက်ကိုင်ထားပြီး တိုက်ပွဲအတွင်း အရပ်သားများနှင့် စစ်သုံ့ပမ်းများအတွက် သက်ဆိုင်ရာ ဦးစားပေး ဆက်ဆံမှု မူဝါဒများချမှတ်ကာ စစ်သုံ့ပမ်းများကို အကာအကွယ်ပေးရန် တာဝန်ကျေပွန်ခဲ့သော်လည်း စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများပင် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲအတွင်း ဒဏ်ရာရ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို အကာအကွယ်မပေးနိုင်ရုံသာမကဘဲ ယုတ်မာသော လေကြောင်း တိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် နိုင်ငံ၏ စစ်အင်အားကို အားကိုးအားထားလျက် တိုက်ပွဲမဖြစ်သော နယ်မြေများနှင့် စစ်ရေးမဟုတ်သော ပစ်မှတ်များကို ကြိမ်ဖမ်များစွာ တိုက်ခိုက်မှု ပြုလုပ်ခဲ့၍ မရေတွက်နိုင်သော အရပ်သား သေဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ဖော်ပြသည်။ယခုကဲ့သို့ တိုက်ပွဲအတွင်း ဖျားနာ ဒဏ်ရာရသူများကိုပင် စစ်ကောင်စီက ၎င်းတို့၏ တပ်စခန်းအတွင်း ချန်ထား စွန့်ပစ်ခဲ့ကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

လားရှိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်က အင်အား များစွာ လက်နက်ချ အလင်းဝင်ခဲ့ပြီး စစ်ကောင်စီတပ် မိသားစုဝင်များကိုမူ MNDAAက လမ်းစရိတ် ပေးပြီး ပြန်လွှတ်ပေးခြင်းများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။