Connect with us

Hi, what are you looking for?

သတင်း

ရမခမှ စစ်သုံ့ပမ်း ၃,၀၀၀ကျော်ကို ကယ်ဆယ်ရေးစခန်းတွင် MNDAA နေရာချပေး

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုက်ပွဲတွင် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကိုးကန့်တပ်မတော်(MNDAA)၏ နောက်တန်း၌ ယာယီနေရချထားပေးခဲ့ရာ လူဦးရေများပြား၍ ကယ်ဆယ်ရေးစခန်းများသို့ အသုတ်လိုက် စေလွှတ်နေရာချခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)တိုက်ပွဲအတွင်း လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နေရာချထားပေးနေစဉ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုက်ပွဲတွင် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကိုးကန့်တပ်မတော်(MNDAA)၏ နောက်တန်း၌ ယာယီနေရချထားပေးခဲ့ရာ လူဦးရေများပြား၍ ကယ်ဆယ်ရေးစခန်းများသို့ အသုတ်လိုက် စေလွှတ်နေရာချခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

စစ်သုံ့ပန်းများ၏ မိသားစုဝင် အများအပြားကိုလည်း ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း အသိပေးထားပြီး လက်နက်ချ စစ်ကေငာ်စီတပ်သားများနှင့် ၎င်းတို့ မိသားစုများ ပိုမိုအဆင်ပြေစေရန် ကယ်ဆယ်ရေးစခန်းများ ထူထောင်နေရာချပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ နေရာချထားရာတွင် စစ်သုံ့ပန်းနှင့် ၎င်းတို့၏ မိသားစုများများပြားမှုကြောင့် မဟာမိတ် တပ်များက ၎င်းတို့အား ကယ်ဆယ်ရေးစခန်းများသို့ အသုတ်လိုက် စေလွှတ်ခဲ့ကြောင်း၊ ပထမအသုတ်တွင် အာဏာသိမ်းတပ်၏ စစ်သုံ့ပန်း ၃၀၀၀ ကျော်နှင့် ၎င်းတို့၏ မိသားစုဝင်များ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာကြောင်း ဖော်ပြသည်။

ယင်းအနက် ဒဏ်ရာရသူများကို ကုသပေးရန် မဟာမိတ် ရှေ့တန်းမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများလည်း ကယ်ဆယ်ရေးစခန်းသို့ လိုက်ပါသွားကြောင်း ထုတ်ပြန်သည်။

ထို့အပြင် စစ်သုံ့ပန်းများ၏ မိသားစုဝင်အများစုမှာ အသက်ကြီး၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြသောကြောင့် ကုန်တင်ကားကြီးများ အတက်အဆင်း ခက်ခဲသောကြောင့် ကယ်ဆယ်ရေးစခန်းသို့ ကားဆင်းလွယ်အောင်ကူညီရန် မဟာမိတ်တပ်မှ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ကူညီပေးခဲ့သည်ဟုဆိုသည်။

စစ်သုံ့ပန်းများကို ဦးစားပေးကောင်းမွန်စွာဆက်ဆံခြင်းသည် မဟာမိတ်တပ်၏ တသမတ်တည်းသော မူဝါဒဖြစ်ပြီး ဖြစ်ကြောင်း ဖော်ပြသည်။

MNDAA အနေဖြင့် ၂၀၁၅က ဆင်နွှဲခဲ့သည့် လွတ်မြောက်ရေးစစ်ပွဲ၊ ယခု ၂၀၂၃တွင် ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ကာလများအတွင်း လက်နက်ချခဲ့သည့် စစ်သုံ့ပန်းများနှင့် တပ်မိသားစုဝင်များကို ဘေးကင်းရာဒေသသို့ ပို့ဆောင်ပေးခဲ့ပြီး လမ်းစရိတ်များ၊ ကားများ စီစဉ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းအနက် ယခုနှစ် ဩဂုတ် ၆ရက်က လားရှိုးမြို့ရှိ စစ်ကောင် စီသုံ့ပန်းများ၏ မိသားစုဝင်များကို ပြန်လွှတ်ပေးခဲ့ရာ စစ်သုံ့ပန်း မိသားစုဝင် ၃၈၀ ကျော်ရှိပြီး မိသားစု တစ်ခုလျင် ခရီးစရိတ် ကျပ် ၅သောင်းစီပေးကာ ဘေးကင်းရာ ပို့ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ဖမ်းမိ စစ်မှုထမ်းတပ်သားသစ်တွေမှာ အသက်မပြည့်သေးသူတွေလည်း ပါဝင်

Facebook