Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမတွင် ကျေးရွာများ မီးရှို့လာသောစစ်ကောင်စီစစ်ကြောင်းအား PDF မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများ မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDFတပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ ရဲဘော်များအား ရှေ့တန်းထွက်နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - PPDF

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများ မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDFတပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တပ်ကော့၊ လေးအိမ်စု၊ ဂျင်းစိမ်း၊ စမ်းမအိုင် အားလုံးလေးရွာပေါ့။ အိမ်ခြေ ၆၀ ကျော်လောက် မီးရှို့ခဲလိုက်ရတယ်”ဟု ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရသည့်အခြေအနေကို ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့နောက် သြဂုတ် ၁၅ ရက် နံနက် ၇ နာရီ ၄၀မိနစ် ခန့်တွင် နေအိမ်များ မီးရှို့ဖျက်ဆီးပြန်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ပေါက်ခေါင်းနယ်၊ ဂွေးတောက်ရွာအနီး၌ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၁)မှ ပဒေသာမိုင်းများဖြင့် သုံးကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သုံးဦး ဒဏ်ရာရရှိသွားပြီး သေဆုံးမှုရှိ၊မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း တပ်ရင်း ၃၆၀၁က အသိ ပေးသည်။

စစ်ကောင်စီတပ်သားများသည် ဒဏ်ရသူများအား ပုခက်(၃)ဆိုင်းဖြင့်ထမ်းကာ လက်ကြီးကျေးရွာဘက်သို့ ဆက်ထွက်သွားပြီး ၎င်းတို့ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း တပ်ရင်း ၃၆၀၁မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လက်ကြီးမှာ ဆက်မနေတော့ဘူး။ မနေ့(သြဂုတ်လ ၁၆)ကပဲ သစ်ပုတ်တာဝိုင်တိုင် အထိုင်စခန်းကို ပြန်ပေါင်းသွားပြီ”ဟု ၎င်းက ဆက်ပြောသည်။

အလားတူ သြဂုတ် ၁၅ ရက်က ပေါက်ခေါင်းနယ်၊ သစ်ရောင်းပြန်အုပ်စု အုပ်ချုပ်ရေးမှူး တင့်လွင်ဆိုသူကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၃)မှ ရဲဘော်များက ၎င်း၏နေအိမ်သို့ သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။