Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့က တိုကိပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် ထိခိုက်မှုများ၍ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ငါန်းဇွန်နယ်တိုက်ပွဲတစ်ခုအတွင်း ပစ်ခတ်နေသော PDF ရဲဘော်များအား တွေ့ရစဥ်

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့က တိုကိပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် ထိခိုက်မှုများ၍ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၁၆ရက်) နံနက်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် နေ့လယ် ၂ နာရီ မိနစ် ၅၀ခန့်က ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုကျေးရွာရှိ စစ်ကောင်စီတပ်အား ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့်ပါ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်သေဆုံးကြောင်း ပူးပေါင်းတပ်များက ဆိုသည်။

“အလောင်းတွေကိုတော့ စစ်ကူလာတဲ့ကားနဲ့ မြင်းခြံမြို့ထိ သယ်သွားတယ်လို့ သိရတယ်။”ဟု မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywa၏ ပြောရေးဆိုခွင့်ရှိသူ ဒေါင်းကာရံက ပြောသည်။

ထို့နောက် ငါန်းဇွန်မြို့မှ စစ်ကား သုံးစီးဖြင့် စစ်ကူရောက်ရှိလာ၍ လက်နက်နှင့် ကျည်မလုံလောက် ၍ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ငါန်းဇွန်မြို့သို့ ပြန်ခေါက်သွားသော စစ်ကားတစ်စီးကိုလည်း ကုလရွာကြီးနှင့် သပြေကန်ရွာကြားတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်း People’s Defence Force – South Monywa၊TGYR-Youth Guerrilla Counter Revolution-NZ(ငါန်းဇွန်)၊ ငါန်းဇွန်မြို့နယ် ( ပကဖ)၊ 925-ပြောက်ကျားတပ်ဖွဲ့၊Wings OF KSU၊ မန္တလေးခရိုင်တပ်ရင်း(၅)၊ဇေယျာရွှေမြေပြောက်ကျားတပ်ဖွဲ့၊ ပြည်တော်ဝင် ပြောက်ကျား တပ်ဖွဲ့၊ အားမာန်သစ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အထိနာသွားပြီးနောက် စစ်ကောင်စီတပ်က ယနေ့ သြဂုတ် ၁၇ ရက် နေ့လယ် ၁၂နာရီခန့်တွင် လေကြောင်းမှ ငါန်းဇွန်မြို့နယ် မြေတိုင်းရွာ စာသင်ကျောင်းအနီးတစ်လုံး ၊ မြေတိုင်းရွာနှင့် ရေဇင်းရွာကြား တစ်လုံး ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကမြင်းခြံခရိုင်အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အားသြဂုတ် ၁ဝ ရက်မှစတင်ကာ နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့များ၌ စစ်ဆင်ရေးများဖော်ဆောင်ခဲ့သည်။

နွားထိုးကြီးမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း လေးခုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ် အများအပြားသေဆုံးကာ လက်နက်၂၇လက်နှင့်စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့သည်။

အလားတူ တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည်။

သြဂုတ်၁၂ရက်က တောင်သာမြို့နယ်ရှိ စစ် ကောင်စီစခန်း နေရာလေးခု တိုက်ခိုက်မှုအတွင်း ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့် စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး တောင်သာမြို့အား စစ်ကူလာနိုင်မည့်လမ်းကြောင်းအား ​ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။