Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စစ်တပ်ယိမ်းယိုင်နေပြီဖြစ်၍ တက်ညီလက်ညီတိုက်ပွဲဝင်ကြရန် မွန်တပ်ဖွဲ့သုံးဖွဲ့ ပူးပေါင်းတိုက်တွန်း

တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအား စိတ်ရောကိုယ်ပါ အမျိုးမျိုး၊ အဖုံဖုံအခါမလပ် ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းရေးအတွက် မွန်ပြည်သူများအပါအဝင် မွန်အင်အားစုအားလုံး တက်ညီလက်ညီ တိုက်ပွဲဝင်ကြရန် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)တို့က ယနေ့ ပူးတွဲထုတ်ပြန် တိုက်တွန်းလိုက်သည်။

ဟန်နွေ/People’s Spring

တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအား စိတ်ရောကိုယ်ပါ အမျိုးမျိုး၊ အဖုံဖုံအခါမလပ် ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းရေးအတွက် မွန်ပြည်သူများအပါအဝင် မွန်အင်အားစုအားလုံး တက်ညီလက်ညီ တိုက်ပွဲဝင်ကြရန် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)တို့က ယနေ့ ပူးတွဲထုတ်ပြန် တိုက်တွန်းလိုက်သည်။

ဩဂုတ် ၁၉ရက်နံနက်ဖြန်တွင် ကျရောက်မည့် (၇၇)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အတွက် MNLA-AD၊ MSRF၊ MSDF စသည့် မွန်တော်လှန်ရေးတပ်သုံးဖွဲ့က ယနေ့တွင် ပူးတွဲထုတ်ပြန်ခဲ့ရာ ယခုကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုင်းပြည်၌ ဖြစ်ပေါ်နေသည့်နိုင်ငံရေး၊ စစ်ရေး အခြေအနေ အရပ်ရပ်သည် အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲများ အတွက် အကောင်းမွန်ဆုံးအချိန်ဖြစ်ကြောင်း၊တော်လှန်ရေးအင်အားစုများက မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်း၊ အခြား တိုင်းနှင့်ပြည်နယ်များတွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေကြပြီး ရန်သူ စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုပင် သိမ်းပိုက်နိုင်ပြီး

ဖြစ်ကြောင်း မွန်တပ်သုံးဖွဲ့က ဖော်ပြသည်။စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များတွင် ညီညွှတ်မှု ပျက်ပြားနေပြီး စစ်အာဏာရှင်စစ်တပ်သည် လွန်စွာယိမ်းယိမ်နေပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အခြေအနေ အခွင့်ကောင်းကို အမိအရဆုပ်ကိုင်ပြီး မွန်တို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး သာယာ၀ပြောရေးနှင့် တိုင်းရင်းသားပြည်သူလူထုများအား အခါမလပ်ဒုက္ခပေးနေသည့် စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းရန် မွန်တပ်သုံးဖွဲ့နှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသော အခြားမွန်နှင့်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ ပြည်တွင်းပြည်ပရောက် မွန်လူငယ်များနှင့် မွန်ပြည်သူများအားလုံး တက်ညီလက်ညီ တိုက်ပွဲဝင်ကြရန် တိုက်တွန်းထားသည်။

“မွန်တော်လှန်ရေးကမွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တော်လှန်ရေး သပ်သပ်မဟုတ်ဘူး။ ဒါက မွန်တမျိုးသားလုံးနဲ့ဆိုင်တဲ့ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေး တစ်ခုဖြစ်သည့် အားလျော်စွာဒီတော်လှန်ရေးထဲမှာ မိမိတို့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရော နောက်ပြီးတော့ ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ မွန်ပြည်သူပြည်သားတွေအားလုံး မွန်အမျိုးသားတော်လှန်ရေးအတွက် မွန်အမျိုးသား မဟာဗျူဟာအောက်မှာ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ဖို့လိုတဲ့သဘောပါ”ဟု ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

ထို့ကြောင့် မွန်တပ်များ၊ မွန်ပြည်သူပြည်သားများ မိမိ ကျရာကဏ္ဍမှ အားလုံး အချိတ်အဆက်ရှိရှိ ချိန်ကိုက်ညီ လှုပ်ရှားသွားမည်ဆိုပါက မွန်အမျိုးသားလွတ်မြောက်ရေး ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးပန်းတိုင်ကို လှမ်းကိုင်နိုင်မည်ဟု ၎င်းက ပြောသည်။

မွန်တမျိုးသားလုံး၏ ဘုံရန်သူအား တမျိုးသားလုံးအင်အားစုအသွင်ဖြင့် စုစည်းတော်လှန်ရန်လိုအပ်သကဲ့သို့ ဘုံရန်သူစစ်အာဏာရှင်အား တိုက်ပွဲဝင်နေသော မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့အားလုံး စုစည်းတိုက်ပွဲဝင်ရန်လိုအပ်ကြောင်းလည်း မွန်းတပ်ဖွဲ့ သုံးဖွဲ့က ပူးတွဲကြေညာခဲ့သည်။

စစ်အာဏာရှင် တိုက်ဖျက်ရေးတိုက်ပွဲဝင်နေသည့် ဘ၀တူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးအင်အားစုများ အားလုံးနှင့်လည်း မဟာဗျူဟာကျကျ ပူးတွဲတိုက်ပွဲဝင်ရန်လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook