Connect with us

Hi, what are you looking for?

သတင်း

လူငယ်ထောင်ချီရောက်လာ၍ PDFတပ်မတော် အားပိုကောင်းအောင်လုပ်ဆောင်နေဟု တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးပြော

စစ်ကောင်စီကိုဆန့်ကျင်သည့် လူငယ်များစွာရောက်ရှိလာ၍ စစ်သင်တန်းများဆက်တိုက်ပြုလျက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားက ပြောသည်။

ပြည်သူကာကွယ်ရေးတပ်မတော် PDF၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ အမှတ် ၃၁ ဗျူဟာတပ်ရင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ် ၁၄ ရက်က ပြုလုပ်နေစဥ်။ ဓာတ်ပုံ - တောင်ပိုင်းတိုင်း စစ်ဒေသ

ဟန်နွေ/People’s Spring

စစ်ကောင်စီကိုဆန့်ကျင်သည့် လူငယ်များစွာရောက်ရှိလာ၍ စစ်သင်တန်းများဆက်တိုက်ပြုလျက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားက ပြောသည်။

ဒုစစ်ဒေသမှူး၏ပြောကြားချက်ကို ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

” စစ်ကောင်စီရဲ့ အဓမ္မစစ်ကျွန်ပြုမှုကို ဆန့်ကျင်တဲ့ လူငယ်တွေဟာ ကျွန်တော်တို့ တောင်ပိုင်းစစ်ဒေသကိုလည်း ထောင်နဲ့ချီပြီး ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။အခု၂၀၂၄ခုနှစ် အတွင်းမှာဆိုရင် တောင်ပိုင်းရဲ့စစ်ဒေသခွဲ ၃ခုလုံးမှာ အခြေခံစစ်ပညာသင်တန်းများ၊ NCOသင်တန်းများ၊ အထူးတိုက်ခိုက်ရေးနဲ့ ကွန်မန်ဒိုသင်တန်းများ ဆက်တိုက် စီစဉ်ပြီး PDFတပ်မတော် အားကောင်းသထက်ကောင်းအောင် ဆောင်ရွက်နေပါတယ်”ဟု ရဲဘော်စောရှားက ပြောသည်။

Public Service Announcement

Public Service Announcement

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စစ်ကောင်စီကို တိုက်ခိုက်သည့် တိုက်ပွဲများဆင်နွှဲလျက်ရှိရာ ဇူလိုင်လအတွင်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲအကြိမ်ပေါင်း ၅၀ကျော်ရှိခဲ့သည်။

ရန်သူစစ်ကောင်စီများ အထိုင်ချတပ်စွဲထားသော စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှုအကြိမ် ၃၀ကျော်အပါအဝင် လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ သတင်းပေးထောက်တိုင်များကို ရှင်းလင်းတိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ဖော်ဆောင်ခဲ့ဟု တောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။

အဆိုပါတိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ LDF များ၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU(KNLA,KNDO)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်း၍ စစ်ဆင်ရေးများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်ဟု ဖော်ပြထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ သေဆုံးထိခိုက်ခဲ့ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီသတင်းပေးဒလန်၊ မိသားစုဝင်များ၊ လက်နက်ချအညံ့ခံသူများ၊ သုံ့ပန်းအနေဖြင့် အရှင်လက်ရဖမ်းဆီးရမိခဲ့သူများလည်း ရှိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ ရန်သူ့ခဲယမ်းလက်နက်မျိုးစုံနှင့် ကျည်အမြောက်အများကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် နယ်ပယ်အသီးသီးတွင် အထိနာနေသော အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူများအား ကာကွယ်စောင့်ရှောက်ရမည့်အစား ရန်သူသဖွယ် ဆက်ဆံလျက်ရှိနေပြီး ပြည်သူ့အိုးအိမ်စည်းစိမ်များကို အနိုင်ကျင့်၍ ခိုးယူသုံးစွဲသည်သာမက အကြောင်းမဲ့မီးရှို့ဖျက်စီးခြင်းများ၊ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ နေ့စဥ်ရမ်းသမ်းပစ်ခတ်ခြင်းများ၊ လေကြောင်းမှတိုက်ခိုက်ခြင်းများနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူသေဆုံးထိခိုက်မှုများ ရှိသကဲ့သို့ အတင်းအကြပ်စစ်မှုထမ်းခိုင်းရန်နှင့် လူသားဒိုင်းပြုလုပ်ရန် မတရားဖမ်းဆီးခေါ်ဆောင်ခြင်းများလည်း ခံခဲ့ရဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။