Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်ရှိ စစ်တပ် တာဝါတိုင်စခန်းကုန်းကို ​တော်လှန်​ရေးအဖွဲ့များ ဗုံးကြဲတိုက်ခိုက်

ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၊ အော်သာယာတောင်ပေါ်ရှိ စစ်ကောင်စီ ဆက်သွယ်ရေးတာဝါတိုင်စခန်းအား ပူးပေါင်းအဖွဲ့များနှင့်အတူသွားရောက်တိုက်ခိုက်ကာ ဒရုန်းစစ် ဆင်ရေးလုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပုလော ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒရုန်းစစ်ဆင်ရေးတွင်တွေ့ရသော တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-ပေးပို့

ကျော်ဇော/People’s Spring

ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၊ အော်သာယာတောင်ပေါ်ရှိ စစ်ကောင်စီ ဆက်သွယ်ရေးတာဝါတိုင်စခန်းအား ပူးပေါင်းအဖွဲ့များနှင့်အတူသွားရောက်တိုက်ခိုက်ကာ ဒရုန်းစစ် ဆင်ရေးလုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပုလော ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်တပ်စခန်းကုန်းကို ပုလော(ပကဖ) Drone တပ်စိတ် (Shadow Squad)မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းတို့ ပူးပေါင်း၍ သြဂုတ်လ (၁၇)ရက်နှင့် (၂၆)ရက်နေ့များတွင် ဒရုန်းဗုံးသီး (၁၀)ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းသည်။

Public Service Announcement

Public Service Announcement

“ခလရ (၂၈၅)နဲ့ တစ်ဆက်တည်း၊ ခလရ (၂၈၅)တပ်ရင်း တောင်ကုန်းလို့လည်း ပြောလို့ရတယ်။ တပ်ရင်း အင်အားက သူ့အင်အားပဲ။ ပုံမှန်ဆို ဆက်သွယ်ရေး တောင်ကုန်းတစ်ခုတည်း ၃၀ ကျော် ၄၀ လောက် ကင်းရှည်ချတယ်။ ကျန်အင်အားက တပ်ရင်းထဲမှာ”ဟု သွားရောက်တိုက်ခိုက်ခဲ့သည့် စစ်တပ်စခန်းကုန်းအခြေအနေကို ပုလော(ပကဖ)မှ တာဝန် ရှိသူက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုတွင် စခန်းအတွင်း ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးထက်မနည်းထိခိုက်ပြီး မှော်ကြောင်း၊ ခမောင်းတော နှင့် အော်သာယာ ကျေးရွာများဘက်သို့ စစ်တပ်စခန်းမှ လက် နက်ကြီးများ ပြန်လည်ပစ်ခတ်သည့်အပြင် ခလရ(၂၈၅)အတွင်းမှလည်း အော်သာယာနှင့်ခမောင်းတောကျေးရွာဘက်သို့ လက်နက် ကြီးများရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

တာဝါတိုင်စခန်းကုန်းသည် မှော်ကြောင်း၊လက္ကူး၊မြဒေါင်၊မင်းထိန်၊ ခမောင်းတောနှင့် အော်သာယာကျေးရွာများဘက်သို့ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်လေ့ရှိသော စခန်းကုန်းတစ်ခုလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။