Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးနှင့်မတ္တရာတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ ကိုယ်ဝန်သည်အပါအဝင် နှစ်ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေ့စေ့လစေ့ ကိုယ်ဝန်သည် အမျိုးသမီးနှင့် ၎င်း၏ မိခင်တို့သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မတ္တရာမြို့နယ်ဘက်မှ စစ်ကောင်စီတပ် ပစ်လိုက်သောလက်နက်ကြီးကျည်အား တွေ့ရစဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေ့စေ့လစေ့ ကိုယ်ဝန်သည် အမျိုးသမီးနှင့် ၎င်း၏ မိခင်တို့သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၆ ရက် ညနေ ၃နာရီခန့်က စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့အခြေစိုက် အမှတ်(၁၂)ခြေမြန်တပ်ရင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ စဥ့်ကူးမြို့နယ် ပင်လည်ကြီးရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ၎င်း၏မိခင်တို့ သေဆုံးခဲ့ကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“ကိုယ်ဝန်ဆောင်သယ်ရဲ့အမေကော ၂ ဦးသေတာ။ ဗိုက်နဲ့က အသက် ၂၆နှစ်ခန့်။ မွေးဖို့က ၈ ရက်လိုတော့တာ။ ကလေးခွဲထုတ်တယ်ပြောတယ်။ ရှင်မရှင်တော့မသိရသေးဘူး။”ဟု အထက်ပါအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် စဥ့်ကူးမြို့မြောက်ဘက်ရှိ နေအိမ်အချို့လည်း လက်နက်ကြီးကျ၍ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

အလားတူ ယမန်နေ့ (သြဂုတ်၂၈ရက်) ည ၈နာရီခွဲခန့်ကလည်း မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ အထက်သို့ဆန်တက်လာသော စစ်ကောင်စီ၏ သံခွန်ရေယာဥ် ၇စီးသည် မတ္တရာမြို့နယ်ရှိ မြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုကြောင့် မတ္တရာမြို့နယ် ငယ်တိုးကျေးရွာရှိ ပြည်သူ ၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရောင်နီနွေဦးအဖွဲ့က ပြောသည်။

တချိန်တည်းမှာပင် မတ္တရာမြို့ပေါ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အောက်တောင်းကိုင်းကျေးရွာသို့ ကျရောက်ပြီး ပြည်သူ ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ဇွန်လကုန်ပိုင်းက စတင်ခဲ့သည့် ရှမ်းမန်းစစ်ဆင်ရေး၌ ယခု သြဂုတ်လကုန်အထိ ၂ လတာ ကာလအတွင်း မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တစ်မြို့နယ်လုံး၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်း၊ မတ္တရာမြို့နယ်အတွင်း တပ်စခန်း ၃၅ ခုအား အပြီးသတ် သိမ်းပိုက်ထားသည်။

မန္တလေးPDF က သိမ်းပိုက်ထားပြီးဖြစ်သော်လည်း အဆိုပါမြို့နယ်များရှိ ကျေးရွာအချို့တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်များကြောင့် ပြည်သူများ ပြန်လည်နေထိုင်ခြင်းမရှိသေးဘဲ တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။