Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းတိုက်ပွဲအပြီး စစ်တပ်က ကျေးရွာနှစ်ရွာကို ရွာလုံးကျွတ်မီးရှို့ရန်လုပ်ဆောင်နေ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် သြဂုတ် ၂၄ ရက်က ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲနောက်ပိုင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ် ပွားသည့်နေရာအနီးမှ အုပ်ဖိုစုရွာနှင့် ရေငံကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးရန် လုပ်ဆောင်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် သြဂုတ် ၂၄ ရက်က ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲနောက်ပိုင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ် ပွားသည့်နေရာအနီးမှ အုပ်ဖိုစုရွာနှင့် ရေငံကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးရန် လုပ်ဆောင်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

“မီးမလောင်သေးတဲ့ နေအိမ်တွေကို တစ်လုံးမကျန်ဖြစ်အောင် မီးဆက်တိုက်ရှို့နေပါတယ်။

စကစများတပ်ဆွဲထားတဲ့ ထန်းပင်ချောင်ရွာမှနေအိမ်များလည်း သူတို့တပ်ဆုတ်ပြီးနောက် တစ်လုံးမကျန်မီးရှို့မယ်လို့ ပြောဆိုနေကြောင်း သိရပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါကျေးရွာများရှိ စစ်တပ်ထောင်ခံသူ များ၏နေအိမ်များပါမချန် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပြီး သြဂုတ် ၃၀ရက် (ယနေ့) အထိ အုတ်ဖိုစုနှင့် ရေငံရွာနှစ်ရွာပေါင်း နေအိမ်အလုံး(၁၀၀)ခန့် မီးရှို့ဖျက်ဆီးခံထားရပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

အလားတူ သြဂုတ် ၂၇ ရက် ညပိုင်းတွင် အုတ်ဖိုစု၊ ရေငံစသည့်ရွာများနှင့် အနည်းငယ်သာဝေးသည့် တောင်တန်းမြိုင်ကျေးရွာအနီး ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ ကျော် သေဆုံးခဲ့ရာ ခလရ (၃၅)ယာယီတပ်ရင်းမှူး ဗိုလ်မှူးအော်ဇော်နှင့် ခလရ(၁၄)ခွဲမှူး ဗိုလ်ကြီးပါဝင်ကြောင်း စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂က အသိပေးထားသည်။

ထို့ကြောင့် အထိနာနေသော စစ်ကောင်စီတပ်က လက်ပံတန်းနယ်၊ ထန်းပင်ချောင်ရွာအထိုင်ချနေရာအပါအဝင် ပဲခူးရိုးမသို့ စစ်ကြောင်းထိုးရန် အင်အားဖြည့်တင်းနေသည့်အပြင် အုတ်ဖိုစုနှင့် ရေငံရွာဘက်မှ စစ်ဘေးရှောင်များနှင့် ၎င်းတို့နှင့်ဆက်စပ်သူအချို့ကိုပါ လိုက်လံဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

“စကစတွေမီးရှို့တာကြောင့် လက်ပံတန်းမြို့ပေါ်က ဗောဓိကုန်းမှာ လာရောက်စစ်ရှောင်နေတဲ့ ရေငံရွာက စစ်ဘေးရှောင်တွေကို စကစတွေက ဒီကနေ့ ညနေ ၃နာရီခန့်မှာ ပစ်ခတ်ဖမ်းဆီးလိုက်တယ်”ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အလားတူ စစ်ကောင်စီတပ်များသည် တိုက်ပွဲများဖြစ်ပွားခဲ့သည့်နေရာအနီးမှ ရေငံရွာအား ဝင် ရောက် မီးရှို့ဖျက်ဆီးရှိရာတွင် ထွက်မပြေးဘဲ ရေငံရွာထဲကျန်နေသည့် လင်မယားနှစ်ဦးအနက် ခင်ပွန်းဖြစ်သူအားဖမ်းဆီး၍ ဇနီးသည်ကို အဓမ္မပြုကျင့်ခဲ့ကြကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများက ပြော သည်။

“ရွာမြောက်ပိုင်းက ထွက်မပြေးဘဲ ရွာမှာနေ ထိုင်နေတဲ့ ကလေးတစ်ယောက်အမေရဲ့ အမျိုးသားကို စကစတွေဖမ်းသွားတယ်”ဟု ဒေသ ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများ၍ အထိနာခဲ့ပါက အခင်းဖြစ်ရပ်အနီးကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်လျှက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း သယာဝတီခရိုင်၊ မင်းလှမြို့နယ်မှ ဆားချောင်းနှင့် ဟိုင်းယုကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook