Connect with us

Hi, what are you looking for?

သတင်း

TNLAအပေါ် ခြိမ်းခြောက်စာပို့သည့် တရုတ်လုပ်ရပ် ရိုင်းပြစော်ကားမှုဖြစ်၍ NUCC ပြင်းထန်စွာရှုတ်ချ

ပြန်လည်ရုတ်သိမ်းရန် NUCC ထုတ်ပြန်

၁၀၂၇ အပိုင်း(၂)စစ်ဆင်ရေး ဆင်နွှဲနေသော TNLA ရဲဘော်များ

ဟန်နွေ၊အီယိုရီ/People’s Spring

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)အပေါ် တရုတ်နိုင်ငံ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီမှ ပေးပို့သည့်စာသည် ခြိမ်းခြောက် အကျပ်ကိုင်သည့် လုပ်ရပ်ဖြစ်ပြီး ရိုင်းပြစောကားသည့် အသုံးအနှုန်းများ ရေးသားထားကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သဘောထား ထုတ်ပြန်လိုက်ပြီး ထိုသို့ ခြိမ်းခြောက်စော်ကားမှု အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာလိုက်သည်။

ဩဂုတ် ၂၉ရက် နေ့စွဲဖြင့် တရုတ်အစိုးရက TNLA ထံပေးပို့လာသည့် စာတွင်တိုက်ပွဲများ ချက်ချင်းရပ်ရန်နှင့် မရပ်ပါက ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်ဟု ဖော်ပြထားသည်။ အဆိုပါအသုံးအနှုန်းသည် ရိုင်းပျစော်ကားသည့် အသုံးအနှုန်းများဖြစ်ကြောင်း NUCCက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သည် ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများ ရှိနေသော်လည်း နိုင်ငံတွင်းမှီတင်း နေထိုင်ကြသော လူမျိုးဘာသာစုံ ပြည်သူများ၏ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုဖြစ်ကြောင်း၊ နိုင်ငံ၏ ဒေသအသီးသီးရှိ လူမျိုးများနှင့် ၎င်းတို့၏ပြည်နယ်များ၊ နယ်မြေများ သည်လည်း သက်ဆိုင်ရာလူမျိုးများနှင့် ဒေသခံပြည်သူများ၏ အချုပ်အခြာအာဏာပိုင် ပြည်နယ်များ၊ နယ်မြေပိုင်နက်များ ဖြစ်ကြကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတနိုင်ငံလုံးကိုသော်လည်းကောင်း၊ နိုင်ငံအတွင်းရှိလူမျိုးတမျိုး၊ ပြည်နယ် တခု၊ နယ်မြေဒေသတခုကိုသော်လည်းကောင်း မည်သည့် တိုင်းတပါးနိုင်ငံကမှ နိုင်ငံရေးအရ ဖြစ်စေ၊ စစ်ရေးအရဖြစ်စေ၊ ခြိမ်းခြောက်အကျပ်ကိုင် ကန့်သတ်ပိတ်ပင် ဟန့်တားခြင်းများ ပြုလုပ်ခွင့် မရှိကြောင်း NUCC၏ သဘောထားထုတ်ပြန်ချက်၌ ပါရှိသည်။

TNLAထံ လိပ်မူပေးပို့သည့် ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီမှ စစ်ရေးလေ့ကျင့်မှု အကြောင်းကြား ကြော်ငြာချက်ဟု ခေါင်းစဉ်တပ်ထားသည့် သတိပေး ခြိမ်းခြောက်စာပါ အချက်အလက်များအရအချုပ်အခြာအာဏာပိုင် လူမျိုးတမျိုးဖြစ်သော တအာင်းအမျိုးသားတို့၏ တပ်မတော်အပေါ်နှင့် မိမိတို့ပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပြစွာ ခြိမ်းခြောက် စော်ကားမှု ဖြစ်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း NUCCက ကြေညာသည်။

စာကိုပေးပို့ခဲ့သော ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီအနေဖြင့် စာပေးပို့မှုကို ပြန်လည်ရုတ်သိမ်းရန်၊မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာ လူမျိုးများ၊ ပြည်သူများ အပေါ် နိုင်ငံတကာဥပဒေများ၊ ကျင့်ဝတ်များနှင့်အညီ လေးစားအသိအမှတ်ပြုရန် NUCCက တိုက်တွန်းသည်။

မြန်မာနိုင်ငံရှိ လူမျိုးစုံ ပြည်သူများသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့အပြင် အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို အထူးတန်ဖိုးထားလိုလားသူများဖြစ်ပြီးစစ်အာဏာရှင် များ၏ ရက်စက်ကြမ်းကြုတ်မှုများ မတရားဖိနှိပ်မှုများကြောင့် မလွှဲမရှောင်သာဘဲ တော်လှန်ရေး ဆင်နွှဲနေရခြင်းသာ ဖြစ်ကြောင်း အသိပေးသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian ။ ဓါတ်ပုံ-China Embassy

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ဒေသ အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံမှ လူမျိုးစုံပြည်သူများ စစ်တပ်၏မတရားအနိုင်ကျင့်ခံနေရမှုကို စာနာနားလည်၍ ကူညီပံ့ပိုး ပေးခြင်းဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် ကြိုးစားသင့်ကြောင်းလည်း NUCCက အကြံပြုထားသည်။

တရုတ်အစိုးရက ပေးပို့သည့် ခြိမ်းခြောက် စာနှင့်ပတ်သက်ပြီး TNLAအဖွဲ့တွင်း ဆွေးနွေးနေဆဲဖြစ်ကြောင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖြေကြားထားပြီး လတ်တလော တုန့်ပြန်ချက် မပြုနိုင်သေးဟု ပြောကြားသည်။

တရုတ်အစိုးရအနေဖြင့် ယခင်ကလည်း တအာင်းတပ်မတော် TNLAနှင့် ကိုးကန့်တပ်မတော် MNDAA တို့ကို အပစ်အခတ်ရပ်စဲရန် ဖိအားပေး မှုများ ရှိခဲ့သော်လည်း အဆိုပါ တော်လှန်ရေး အဖွဲ့များအနေဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သည့် တိုက်ပွဲများ ဆက်လက်ဆင်နွှဲခဲ့သည်။

တရုတ်ဘက်က အပစ်ရပ်ရန် ဖိတ်အားပေးသည့် အခြေအနေတွင် TNLA ခေါင်းဆောင် ဗိုလ်ချုပ် တာဘုန်းကျော်က ” ဘရိတ်ခဏ ယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်၊ ခဏခဏ ရပ်ရအောင်လည်း လက်ဝှေ့ထိုးတာမဟုတ်

လင်းလင်း သီချင်းကို ဆက်ဆိုကြရအောင်ပါ။ ရှေ့သို့ ရှေ့သို့ ချိတက်ကြစို့”ဟု ဇူလိုင် ၂၁ရက်တွင် လူမှုကွန်ရက်၌ ရေးသားခဲ့ပြီး စစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ဆင်ရေးများကို TNLAက ဆက်လက်ဆင်နွှဲခဲ့သည်။

လက်ရှိတွင် TNLA အနေဖြင့် ရှမ်းမြောက်ရှိ မြို့ ၁၁မြို့နှင့် မန္တလေးတိုင်းရှိ မြို့ တစ်မြို့ စုစုပေါင်း မြို့ ၁၂မြို့ကို ၁၀၂၇ စစ်ဆင်ရေး ၁၀လတာအတွင်း တိုက်ခိုက်သိမ်းပိုက်ထားပြီး အညာဒေသ စစ်ဆင်ရေးများတွင်ပါ ပါဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။