Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ကြရန် အမေရိကန်ရောက်မြန်မာများ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ပြည်ပရောက် မြန်မာများပူးပေါင်း၍ စစ်ကောင်စီပြုလုပ်ရန် စီစဉ်နေသော အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် လှုံ့ဆော်ဆန္ဒပြမှု ယနေ့ (စက်တင်ဘာ ၁) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Free Burma Action Committe

သုည/People’s Spring

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ပြည်ပရောက် မြန်မာများပူးပေါင်း၍ စစ်ကောင်စီပြုလုပ်ရန် စီစဉ်နေသော အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် လှုံ့ဆော်ဆန္ဒပြမှု ယနေ့ (စက်တင်ဘာ ၁) ပြုလုပ်ခဲ့သည်။

Free Burma Action Committee-Northern California မှ ဦးဆောင်ကာ နွေဦးတော်လှန်ရေး အင်အားစုများ၊ထောက်ပို့ပြည်သူများ ပူးပေါင်းပါဝင်ပြီး “အာဏာရှင်ထွက်ပေါက် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူ့အားနဲ့ ဆန့်ကျင်ကြ၊ ပြည်သူ့အားနဲ့ တိုက်ဖျက်ကြ” ခေါင်းစဉ်ဖြင့် လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

အတုအယောင်ရွေးကောက်ပွဲကို ပုံစံမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရန်၊ အထွေထွေအကျပ်အတည်းများကို လူထုအားဖြင့် အုံကြွဖောက်ထွက်ရန်၊ တရုတ်နိုင်ငံ ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီက တအာင်းတပ်မတော် TNLA ထံ ပေးပို့သော ခြိမ်းခြောက်စာနှင့် ပတ်သက်၍ နွေဦးတော်လှန်ရေး အင်အားစုများမှ တရုတ်ကွန်မြူနစ်အစိုးရ၏ အချုပ်အခြာအာဏာပိုင်နိုင်ငံအပေါ် မိုက်ရိုင်းစော်ကားသော လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြရန် တောင်းဆိုခဲ့ကြသည်။

ထို့အပြင် (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးအတွက် စက်တင်ဘာအတွင်း ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုများ၊ လှုံ့ဆော်တောင်းဆိုမှုများ ပြုလုပ်ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။