Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲငွေကောက်နေသည့်အဖွဲ့များ လက်နက်ဖြုတ်သိမ်းမည်ဟု ပအဖ အမိန့်ထုတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လမ်းပိုင်းများ၌ ခွင့်ပြုချက်မရှိဘဲ ငွေကောက်နေသော အဖွဲ့အစည်းများ ဆက်လက်ကောက်ခံနေပါက လက်နက်ဖြုတ်သိမ်းသည်အထိ အရေးယူမည်ဟု ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သြဂုတ် ၃၁ရက်တွင် ထုတ်ပြန်သည်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လမ်းပိုင်းများ၌ ခွင့်ပြုချက်မရှိဘဲ ငွေကောက်နေသော အဖွဲ့အစည်းများ ဆက်လက်ကောက်ခံနေပါက လက်နက်ဖြုတ်သိမ်းသည်အထိ အရေးယူမည်ဟု ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သြဂုတ် ၃၁ရက်တွင် ထုတ်ပြန်သည်။

ဆားလင်းကြီးမြို့နယ်အတွင်း ကုန်းလမ်းရေလမ်းတို့တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တရားဝင်အခွန်ကောက်ခံရေးဂိတ်များမှလွဲ၍ မည်သည့်အဖွဲ့အစည်းမှ ဂိတ်ဖွင့်လှစ်ခြင်း၊ အခွန်ကောက်ခံခြင်း၊ အလှူခံခြင်းများအား ခွင့်မပြုကြောင်းကို ယခင်ကလည်း အမိန့်ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ကြောင်း ဆားလင်းကြီးပအဖက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခုအခါ ဆားလင်းကြီးမြို့နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းတို့တွင် အချို့သောလက်နက်က်ိုင်အဖွဲ့အစည်းများမှ ကားများ၊ ရေယာဥ်များကို ဂိတ်ဖွင့်ပြီးသော်လည်းကောင်း၊ ဂိတ်ဖွင့်လှစ်ခြင်း မရှိဘဲသော်လည်းကောင်း၊ ငွေတောင်းခံခြင်း၊ အလှူခံခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း ဆားလင်းကြီး ပအဖက ဆိုသည်။

ထို့ကြောင့် ကုန်းလမ်း၊ ရေလမ်းများတွင် ထွက်၍ ငွေတောင်းခံနေသော၊ အလှူခံနေသော မည်သည့်အဖွဲ့အစည်းကိုမဆို ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရှိရပါက လက်နက်ဖြုတ်သိမ်းသည်အထိ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)က အမိန့်ထုတ်ပြန်ခဲ့သည်။

“တရားဝင်အခွန်ကောက်ခံတဲ့ဂိတ်ကတော့ ခုနစ်ဂိတ်ပဲရှိတာပါ”ဟု ဆားလင်းကြီး ပအဖ တာဝန်ရှိသူက ပြောသည်။

သို့သော် ခွင့်ပြုချက်မရဘဲ ကောက်ခံနေသည့်ဂိတ်အရေအတွက်ကိုမူ မသိရှိရသေးပေ။

“ဂိတ်တွေများတယ်။ ငွေတောင်း၊ မတောင်း မသိဘူး။ မြေပြင်ဂိတ်တွေကတော့ ၁၀အထက် ၁၅ဝန်းကျင် လောက်ရှိမယ်။ ဘယ်သူ့ဟာတွေလဲတော့ မသိဘူး။ ရေလမ်းဂိတ်တော့ သေချာမသိဘူး”ဟု ဆားလင်းကြီးဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ငွေကောက်ခံသည့် အဖွဲ့အစည်းများမှာ ဆယ်ဂဏန်းထက်မနည်း ရှိသည်။ စစ်ကောင်စီ၏ စစ်တပ်နှင့် ပျူစောထီးများအပြင် ဒေသတွင်း တော်လှန်ရေးအဖွဲ့အချို့ကလည်း ဂိတ်ဖွင့်ပြီး ငွေကောက်ခံမှုများပြုလုပ်နေသည်။ မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းတွင်မူ စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များ ငွေကောက်ခံသည့်ဂိတ် အနည်းဆုံး ၁၀ဂိတ်ရှိသည်ဟု အဆိုပါ လမ်းပိုင်းခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္တန်းတောရွာအနီးရှိ PDF ဂိတ်တစ်ခုအား ရွှေဘိုခရိုင်တပ်ရင်း(၁၂)က လာရောက်ပိတ်သိမ်းခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။