Connect with us

Hi, what are you looking for?

သတင်း

မြို့ရွာများသိမ်းထားသည့် ​တော်လှန်​ရေးတပ်ဖွဲ့များကို လိုအပ်သလို တုံ့ပြန်မည်ဟုအာဏာသိမ်းခေါင်းဆောင်ဆို

စစ်ကောင်စီတပ်များကိုတိုက်ခိုက်​ချေမှုန်းပြီးမြို့များကို အပြီးသတ် ထိန်းချုပ်ထားသည့် ​တော်လှန်​ရေးတပ်ဖွဲ့များကို လိုအပ်သလို တုံ့ပြန်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ် တောင်ကြီးခရီးစဉ်၌ ပြောဆိုခဲ့သည်။

​တော်လှန်​ရေးတပ်များက လားရှိုးမြို့ကို သိမ်းယူပြီး​နောက်​​အောင်ပွဲခံ​နေစဥ်။ဓါတ်ပုံ-MNDAA

ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်များကိုတိုက်ခိုက်​ချေမှုန်းပြီးမြို့များကို အပြီးသတ် ထိန်းချုပ်ထားသည့် ​တော်လှန်​ရေးတပ်ဖွဲ့များကို လိုအပ်သလို တုံ့ပြန်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ် တောင်ကြီးခရီးစဉ်၌ ပြောဆိုခဲ့သည်။

စက်တင်ဘာ ၃ ရက်က မင်းအောင်လှိုင်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားအဖွဲ့များနှင့်ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက နိုင်ငံရေး အကြပ်အတည်းဖြစ်နေမှုကို အခွင့်ကောင်းယူပြီး နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း မင်းအောင်လှိုင်က ပြောသည်။

​တော်လှန်​ရေးတပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့ဟု မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ထိုအပြင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပါအဝင်တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ ဗျူဟာကုန်းများ ကို တိုင်းရင်းသားတပ်ဖွဲ့များက သိမ်း

ပိုက်ထားသော်လည်း မင်းအောင်လှိုင်၏ ပြောဆိုမှုတွင် တိုင်းရင်းသားတပ်ဖွဲ့များက မြို့ရွာများသို့ အတင်းအဓမ္မနေရာဝင်ယူထားသည်ဟုပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန် ပြည်သူလူထုနှင့်အရပ်ဘက် အဆောက်အဦးများ အသုံးပြုနေကြောင်း၊ ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ရေး စစ်ရှောင်များ ပြန်လည်နေထိုင်ရန် လုပ်ဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်း ပြုလုပ်နေကြောင်း အာဏာသိမ်းခေါင်းဆောင်ကစွပ်စွဲပြောဆိုခဲ့သည်။

ယခုအခါနိုင်ငံတစ်ဝန်း​တော်လှန်​ရေးတပ်ဖွဲ့များကသိမ်းပိုက်ထိန်းချုပ်ထား​သော မြို့​ပေါင်း ၈၀ နီးပါးရှိသည်။

အာဏာသိမ်း​ခေါင်း​​ဆောင်ကမူ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်မည်ဟု ဆိုပြီး​တော်လှန်​ရေးတပ်ဖွဲ့များကို လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အသုံးချမခံရရန် ၊ ဘေးကင်းလုံခြုံမှုရှိစေရေး သတိပြုရန် ဟု၎င်းကဆိုသည်။

သို့​သော် လက်​တွေ့တွင် စစ်ကောင်စီက တိုင်းရင်းသားတပ်များ သိမ်းထားသည့် မြို့ရွာများကို တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် အရပ်သား သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း တအာင်း၊ ကိုးကန့်နှင့် ရက္ခိုင် တပ်များက အသိပေးထုတ်ပြန်ထားသည်။

တအာင်း TNLA၊ ကိုးကန့် MNDAAနှင့် ရက္ခိုင် AA တို့ သိမ်းထားသည့် မြို့ရွာများရှိ ပြည်သူနေထိုင်ရာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည့်အပေါ်တရုတ် အပါအဝင် နိုင်ငံတကာက ဟန့်တားပေးရန်လည်း အဆိုပါတိုင်းရင်းသားတပ်ဖွဲ့များက တောင်းဆိုထားသည်။

စစ်ကောင်စီသည် MNDAA သိမ်းထားသည့် လောက်ကိုင်၊ သိန္နီ မြို့နယ်များ၊TNLA သိမ်းထားသည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ကျောက်မဲ မြို့များကို တိုက်ပွဲမဖြစ်ဘဲ လေကြောင်း တိုက်ခိုက်လျက်ရှိကြောင်း သက်ဆိုင်ရာ တိုင်းရင်းသား တပ်ဖွဲ့များက အသိပေးထားသည်။ ထို့ပြင် ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားသည့် ရက္ခိုင်ပြည်

နယ် မြောက်ဦး အပါအဝင် ပြည်နယ်အတွင်း မြို့ရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခဲ့သည်။

အလားတူ ကရင်၊ချင်း၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး ၊ မန္တလေး အပါအဝင် စစ်ကောင်စီ တပ်အထိနာသည့် ဒေသများ၌လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများ အသုံးပြု၍ ပြည်သူလူထုများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။

တစ်ဖက်တွင်လည်းတိုက်ပွဲများ၌ သေဆုံးထိခိုက်ဒဏ်ရာရနှင့်ထွက်ပြေးသူ၊ လက်နက်ချသူ စသဖြည့် စစ်ကောင်စီတပ်အင်အား ပြုန်းတီးမှုများပြားလာခြင်းအပေါ် အင်အားဖြည့်တင်းရန် စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့် ​၂၀၂၄ နှစ်ဆန်းမှစ၍ လူငယ်များကို အဓမ္မစစ်မှုထမ်း​စေသည့် အပြင် ယခုအခါ အသက် ၁၈နှစ်မှ ၆၅နှစ်အရွယ်အထိ အမျိုးသားများကိုပါ စစ်မှုထမ်း​စေရန် စစ်ကောင်စီက ဆောင်ရွက်လျက်ရှိသည်။ထိုသို့လူစုဆောင်း

ခြင်းအပြင်လူငယ်အများစုအပါအဝင် ပြည်သူများကို ဖမ်းဆီးကာ ငွေဖြင့် ပြန်ရွေးခိုင်းသည့် ဖြစ်စဉ်များကိုလည်း စစ်ကောင်စီတပ်နှင့် ရဲများက ကျူးလွန်လျက်ရှိသည်။

(​တော်လှန်​ရေးတပ်များက လားရှိုးမြို့ ၊စဥ့်ကူးမြို့ ၊သံတွဲ မြို့ ၊​နောင်ချိုမြို့များ သိမ်းယူပြီး​နောက်​​အောင်ပွဲခံ​နေစဥ်။ဓါတ်ပုံ-MNDAA ၊TNLA ၊AA၊ MDY-PDF)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တက်ရောက်ခွင့်မရတဲ့အာဆီယံအဖွဲ့ရဲ့(၄၈) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့မှာဒီနေ့( မေလ ၈ ရက်)မှာစတင်ကျင်းပနေပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့သိမ်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ရဲ့ ရဲဘော်တွေကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲက ခြုံခိုတိုက်ခိုက်ခဲ့လို ရဲဘော် ၄ဦး ကျဆုံးကာ ၁ဦးပျောက်ဆုံး၊ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က...

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။