Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်စစ်တပ်လက်နက်ကြီးထိမှန်၍ ပြည်သူနှစ်ဦးသေဆုံး

ဖားကန့်တွင်စက်တင်ဘာလ ၆ရက်နံနက် ၁၀နာရီခန့်၌ ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှု၌ စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ​ဒေသခံပြည်သူ ၂ ဦးဒဏ် ရာရရှိသွားပြီး ညနေပိုင်းတွင်သေဆုံးသွားခဲ့သည်။

စစ်​ကောင်စီတပ်မှ ​လေ​ကြောင်းမှဗုံးကြဲခြင်း၊လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၊ဒရုန်းဖြင့်ဗုံးကြဲမှုတို့မှာ ပြည်သူများကို အဓိက​သေ​ဆုံး​နေ​စေသည်။ ဓါတ်ပုံ-စစ်​ကောင်စီ

မိထက်/People’s Spring

ဖားကန့်တွင်စက်တင်ဘာလ ၆ရက်နံနက် ၁၀နာရီခန့်၌ ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှု၌ စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ​ဒေသခံပြည်သူ ၂ ဦးဒဏ် ရာရရှိသွားပြီး ညနေပိုင်းတွင်သေဆုံးသွားခဲ့သည်။

စစ်ကောင်စီဗျူဟာကုန်းမှပစ်ခတ်​သောလက်နက်ကြီးသည် ဖားကန့်မြို့ အထက်တန်းကျောင်းအနီး ကျရောက်ပေါက်ကွဲပြီး လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်။

“ဆေးကုသနေရင်းကနေ သေဆုံးသွားပါတယ်။ လက်နက်ကြီးစ‌တွေ တော်တော်ထိသွားဝာာမို့လေ။ တိုက်ပွဲတွေက ဘာဆက်ဖြစ်မလဲမသိနိုင်အောင် အခြေအနေရှုပ်ထွေးပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

​သေဆုံးသူနှစ်ဦး၏ အချက်အလက်အ​သေးစိပ်ကိုမူမသိရ​သေး​ပေ။

ဖားကန့်တွင် စက်တင်ဘာလ၄ရက်နေ့မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် KPDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တိုက်ပွဲများမကြာခဏဖြစ်ပွား​နေပြီး စစ်ရေးတင်းမာနေသည်။

ပြီးခဲ့သည့် ဩဂုတ် ၅ ရက်က ဖားကန့်မြို့ စစ်ကောင်စီ ဗျူဟာကုန်းအတွက် အရေးပါသည့် တောမှော် နှင့် လမောင် စစ်စခန်း ၂ခုကို KIA/KPDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်လိုက် သိမ်းပိုက်ခဲ့သည်

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။