Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မှာ မိုးတွင်းကာလအတွင်းစစ်ရှောင်တွေစားနပ်ရိက္ခာ ခက်ခဲနေ

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာ ဖာပွန်ဒေသမှာ မိုးတွင်းကာလအတွင်း စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့ ခက်ခဲနေတယ်လို့ KNU ဆီက သိရပါတယ်။

ဖာပွန်ဒေသစစ်ရှောင်ပြည်သူတွေကို တွေ့ရစဉ်( ပုံဟောင်း) ဓာတ်ပုံ - KNU

နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာ ဖာပွန်ဒေသမှာ မိုးတွင်းကာလအတွင်း စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့ ခက်ခဲနေတယ်လို့ KNU ဆီက သိရပါတယ်။

မိုးတွင်းကာလအတွင်း ဖာပွန်ခရိုင်ထဲမှာ မိုးကြီးတာကြောင့် ရေကြီးရေလျှံ ပြီး လမ်း ၊တံတားတွေ ပျက်စီးတာ ၊ သွားလာရေးခက်ခဲတာတွေကြောင့် စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာ ရဖို့ ခက်ခဲနေတာလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

လမ်းပန်းဆက်သွယ်ရေးကြောင့် ရိက္ခာပို့ဖို့ ခက်ခဲသလို ထောက်ပံ့မှုမလုံလောက်တာတွေကြောင့် စစ်ရှောင်တွေ အခက်ကြုံနေရတာလို့သိရပါတယ်။

တိုက်ပွဲတွေကြောင့် တောတောင်ထဲ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေ အများအပြားရှိနေဆဲ ဖြစ်ပြီး အများစုဟာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

KNU တပ်မဟာ (၅) နယ်မြေ ဖာပွန်ဒေသဟာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနှုန်းများတဲ့ဒေသဖြစ်ပြီး အခုနှစ် ၆ လတာအတွင်းမှာ တိုက်ပွဲ ၄၅၀ ကျော်ဖြစ်ထားတယ်လို့ KNUရဲ့စာရင်းအရသိရပါတယ်။

စစ်ရှောင်ဦးရေဟာလည်း ဖာပွန်ဒေသမှာ ကိုးသောင်းနီးပါးရှိလာပါပြီ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့က စစ်တပ်ရဲ့ ဗျူဟာစခန်းကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း လက်နက်ကြီးထုတ်လုပ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Federal Revolution Force(FRF)က ဒီကနေ့ မှတ်တမ်းရုပ်သံနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook