Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မှာ မိုးတွင်းကာလအတွင်းစစ်ရှောင်တွေစားနပ်ရိက္ခာ ခက်ခဲနေ

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာ ဖာပွန်ဒေသမှာ မိုးတွင်းကာလအတွင်း စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့ ခက်ခဲနေတယ်လို့ KNU ဆီက သိရပါတယ်။

ဖာပွန်ဒေသစစ်ရှောင်ပြည်သူတွေကို တွေ့ရစဉ်( ပုံဟောင်း) ဓာတ်ပုံ - KNU

နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာ ဖာပွန်ဒေသမှာ မိုးတွင်းကာလအတွင်း စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့ ခက်ခဲနေတယ်လို့ KNU ဆီက သိရပါတယ်။

မိုးတွင်းကာလအတွင်း ဖာပွန်ခရိုင်ထဲမှာ မိုးကြီးတာကြောင့် ရေကြီးရေလျှံ ပြီး လမ်း ၊တံတားတွေ ပျက်စီးတာ ၊ သွားလာရေးခက်ခဲတာတွေကြောင့် စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာ ရဖို့ ခက်ခဲနေတာလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

လမ်းပန်းဆက်သွယ်ရေးကြောင့် ရိက္ခာပို့ဖို့ ခက်ခဲသလို ထောက်ပံ့မှုမလုံလောက်တာတွေကြောင့် စစ်ရှောင်တွေ အခက်ကြုံနေရတာလို့သိရပါတယ်။

တိုက်ပွဲတွေကြောင့် တောတောင်ထဲ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေ အများအပြားရှိနေဆဲ ဖြစ်ပြီး အများစုဟာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

KNU တပ်မဟာ (၅) နယ်မြေ ဖာပွန်ဒေသဟာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနှုန်းများတဲ့ဒေသဖြစ်ပြီး အခုနှစ် ၆ လတာအတွင်းမှာ တိုက်ပွဲ ၄၅၀ ကျော်ဖြစ်ထားတယ်လို့ KNUရဲ့စာရင်းအရသိရပါတယ်။

စစ်ရှောင်ဦးရေဟာလည်း ဖာပွန်ဒေသမှာ ကိုးသောင်းနီးပါးရှိလာပါပြီ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ကို စစ်တပ်ကတပ်စွဲထားဆဲဖြစ်ပြီး ဒေသခံပြည်သူတစ်သောင်းကျော်ဟာ တစ်လခွဲခန့်အကြာစစ်ဘေးရှောင်နေရဆဲဖြစ်ကာ စားနပ်ရိက္ခာ တွေလိုအပ် နေတယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။