Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့တွင် အင်တာနက်၊ ဖုန်းလိုင်းနှင့် လျှပ်စစ်မီးပြန်ရ

ဆက်သွယ်ရေးလိုင်းများ ဧရိယာဆက်လက် တိုးချဲ့နေသလို လျှပ်စစ်မီးအပြည့်အ၀ရရေး ကြိုးပမ်းနေဟုဆို

လားရှိုးမြို့ တနေရာအား ပြီးခဲ့သည့် ဩဂုတ် ၂၄ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)က သိမ်းပိုက်ထားသည့် လားရှိုးမြို့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး အင်တာနက်၊ ဖုန်း ဆက်သွယ်ရေး လိုင်းများပြန်လည် အသုံးပြုနိုင်ပြီဖြစ်သကဲ့သို့ လျှပ်စစ်ဓာအားကိုလည်း နေရာအချို့၌ ပြန်လည်ရရှိပြီ ဖြစ်ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲများအပြီး လားရှိုးပြည်သူများ၏ ဆက်သွယ်ရေးပြဿနာများကို ထိရောက်စွာဖြေရှင်းနိုင်စေရန်အတွက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ဆက်သွယ်ရေးစခန်းများနှင့် လိုင်းများ ပြန်လည်ထူထောင်ရေးတွင် အလေးထားဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီများမှ ဝန်ထမ်းများအား တက်ကြွစွာ ဆက်သွယ်၍ မြို့ပြဆက်သွယ်ရေး ကွန်ရက် ပြုပြင်ခြင်းလုပ်ငန်းကို အပြည့်အဝ မြှင့်တင်ပေးခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လားရှိုးမြို့ပေါ်ရှိ ပျက်စီးနေသော အခြေခံဆက်သွယ်ရေးစခန်းများနှင့် လိုင်းများ ပြုပြင်ရာတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် အသီးသီးတွင် ဂြိုလ်တုကွန်ရက်များ တပ်ဆင်ပေးကာ ဒေသခံပြည်သူများ မိသားစုနှင့် သူငယ်ချင်းများ ဆက်သွယ်နိုင်စေရန် အခမဲ့ အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ ဆက်သွယ်ရေးစခန်းများနှင့် လိုင်းများကို စဉ်ဆက်မပြတ် ပြုပြင်ပေးခြင်းဖြင့် လားရှိုးမြို့၏ ဒေသအသီးသီးရှိ ဆက်သွယ်ရေးလိုင်းများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကာ လွှမ်းခြုံဧရိယာ ဆက်လက် တိုးချဲ့လျက်ရှိကြောင်း ဖော်ပြသည်။

လက်ရှိတွင် ဆက်သွယ်ရေးလိုင်းမှာ လားရှိုးမြို့ပေါ် တစ်ခုလုံးကို လွှမ်းခြုံနိုင်ခဲ့ပြီး ဒေသခံပြည်သူများ ပုံမှန်ဖုန်းခေါ်ဆိုမှုနှင့်အင်တာနက် အသုံးပြုလာနိုင်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

နယ်မြေအချို့တွင် လိုင်းတည်ငြိမ်မှုမရှိသေးကြောင်း အဆိုပါဒေသများတွင် ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းများက အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း အသိပေးသည်။

အဆိုပါနေရာများတွင် လားရှိုးမြို့ဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ရပ်ကွက်အသီးသီးတွင် ပံ့ပိုးပေးထားသည့် ဂြိုလ်တုကွန်ရက်သည် အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပြီး လိုင်းမတည်မငြိမ်ရှိနေသည့်နေရာများ ရှိလူများသည် ပြင်ပကမ္ဘာနှင့်ချိတ်ဆက်ရန်အတွက် ဤကွန်ရက်ကို ယာယီအသုံးပြုနိုင်ကြောင်း ဖော်ပြသည်။

ထို့ပြင် စစ်ပွဲအတွင်းပျက်စီးသွားသော လျှပ်စစ် ဓာတ်အားပေးစက်များနှင့် အဆောက်အဦများကို တစ်လကျော်ကြာ ပြုပြင်ပေးခဲ့ပြီး လားရှိုးမြို့အချို့နေရာများတွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။

စစ်ပွဲအတွင်း ဓာတ်အားလိုင်းအများအပြား ပျက်စီးခဲ့ပြီး မရှင်းလင်းရသေးသဖြင့် ယခုအဆင့်တွင် လျှပ်စစ်ဓာတ်အားကို အရေးပေါ်လိုအပ်နေသော အများသူငှာနေရာများနှင့် စက်ရုံအချို့ကို ပထမဆုံး ဓာတ်အားပေးဝေခဲ့သည်ဟုဆိုသည်။

နောက်တစ်ဆင့်တွင် သက်ဆိုင်ရာဌာနများသည် ဓာတ်အားဖြန့်ဖြူးရေး ဧရိယာကို ဖြည်းဖြည်းချင်း ချဲ့ထွင်ပြီး ဓာတ်အားသုံးစွဲမှု အခြေအနေအပေါ် အခြေခံ၍ ဆင်ခြင်တုံတရားဖြင့် မြို့ပြဧရိယာနေထိုင်သူများနှင့် ဓာတ်အားများ အမြန်ဆုံး လုံခြုံတည်ငြိမ်စွာ သုံးစွဲနိုင်စေရန်နှင့် လျှပ်စစ်ဓာတ်အား အပြည့်အဝ ပြန်လည်ရရှိစေရန်အတွက် ဆင်ခြင်တုံတရားဖြင့်စီစဉ် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook