Connect with us

Hi, what are you looking for?

သတင်း

ကရင်နဲ့မွန်အစပ်က လွတ်ရှမ်းရွာ တပ်စခန်းကို KNU သိမ်းယူ

ကရင်နဲ့မွန်ပြည်နယ်အစပ်မှာရှိပြီး ဘုရားသုံးဆူ- သံဖြူဇရပ်လမ်းပိုင်းကိုစိုးမိုးထားတဲ့ စစ်ကောင်စီရဲ့ လွတ်ရှမ်းရွာ တပ်စခန်းကို ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်နဲ့မွန်ပြည်နယ်အစပ်မှာရှိပြီး ဘုရားသုံးဆူ- သံဖြူဇရပ်လမ်းပိုင်းကိုစိုးမိုးထားတဲ့ စစ်ကောင်စီရဲ့ လွတ်ရှမ်းရွာ တပ်စခန်းကို ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကရင်ပြည်နယ်​၊ကြာအင်းဆိပ်ကြီးမြို့နယ်အပိုင်ထဲမှာရှိတဲ့ လွတ်ရှမ်းရွာစခန်းကို ရဖို့ ပြီးခဲ့တဲ့ သြဂုတ်လကစတင်တိုက်ခိုက်ရာမှာ မနေ့ စက်တင်ဘာလ ၁၂ ရက်မှာ KNU တပ်မဟာ ၆နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းနိုင်ခဲ့တာပါ။

https://www.facebook.com/LuduNwayOo/videos/508237305142141

Public Service Announcement

Public Service Announcement

လွတ်ရှမ်းရွာ စခန်းဟာ ခြံစည်းရိုးသုံးထပ် ကာရံထားပြီး ကွန်ကရစ်ဘန်ကာ အပြင် ကတုတ်ကျင်းတွေ နဲ့ အခိုင်အမာ ခြေကုပ်ယူထားတဲ့စခန်းဖြစ်တယ်လို့သိရပါတယ်။

အဲဒီစခန်းဟာ ယခင်က KNU ရဲ့စစ်ဆေးရေးဂိတ် ဖြစ်ခဲ့ပေမယ့် စစ်ကောင်စီတပ်က သိမ်းယူပြီးနောက် ခြေကုပ်စခန်းအဖြစ်နေရာယူတပ်စွဲထားခဲ့တာပါ။ အခုတော့ အရင်က စခန်းဟောင်းနေရာကို KNU က ပြန်လည်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘုရားသုံးဆူ – သံဖြူဇရပ် လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ အနန်းကွင်းရွာ စခန်းနဲ့ လွတ်ရှမ်းရွာ စခန်းတို့ကို KNU နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ လွတ်ရှမ်းရွာစခန်းကို ပြန်သိမ်းနိုင်ခဲ့တာပါ။ အဲဒီ တပ်စခန်းနှစ်ခုကတော့ ၁၁ မိုင်သာဝေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။