Connect with us

Hi, what are you looking for?

သတင်း

ရွှေထည်တွေ မှောင်ခိုသွင်းတဲ့ မြန်မာနှစ်ဦးကို ဖမ်းဆီးထားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ပြော

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ဟာ မြန်မာနိုင်ငံသား နှစ်ဦးကို မှောင်ခို သယ်ဆောင်လာတဲ့ ရွှေထည် ၁၀.၅ ကီလိုဂရမ်နဲ့အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ရွှေထည်များ ဖုန်းများနှင့် ဘင်္ဂလားဒေ့ရှ်တွင် အဖမ်းခံရသူနှစ်ဦး ။ဓါတ်ပုံ- Daily Observer

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ဟာ မြန်မာနိုင်ငံသား နှစ်ဦးကို မှောင်ခို သယ်ဆောင်လာတဲ့ ရွှေထည် ၁၀.၅ ကီလိုဂရမ်နဲ့အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ကော့စ်ဘဇားမြို့မှာရှိတဲ့ တက်ခ်နက်ဖ် အူပါဇီလာမှာ စက်တင်ဘာ ၁၆ ရက် ညပိုင်းတုန်းက အဲဒီလို ဖမ်းဆီးရမိခဲ့တာလို့ BGBက ပြောပါတယ်။ ရွှေထည်တွေနဲ့အတူ ဖမ်းဆီးရမိသူတွေဟာ ရခိုင်

ပြည်နယ်၊ မောင်းတောမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ဟာဖီဇူ ရာမန်နဲ့ အသက် ၃၀ အရွယ် မိုဟာမက် အန်ဝါတို့ ဖြစ်ကြောင်း BGBက ကြေညာပါတယ်။ သိမ်းဆည်းရမိတဲ့ ရွှေထည်တွေဟာ ဘင်္ဂလားဒေ့ရှ်သုံး တာကာငွေ ၁၁၅ သန်းကျော်ဖိုး (ဒေါ်လာ ၁ သန်းကျော်ဖိုး) တန်ဖိုး ရှိတယ်လို့လည်း BGB ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်းပေး တိုင်ကြားမှု တစ်ခုကို လက်ခံရရှိခဲ့တဲ့နောက် အူပါဇီလာမှာရှိတဲ့ အိုလီရာဘက်ဒ် ဧရိယာထဲမှာ စီးနင်းမှုတစ်ခု လုပ်ဆောင်ပြီး အဲဒီနှစ်ဦးကို ဖမ်းဆီးခဲ့တာလို့ BGBရဲ့ တက်ခ်နက်ဖ် အခြေစိုက် တပ်ရင်း အမှတ် ၂ အကြီးအကဲ ဒုတိယ ဗိုလ်

Public Service Announcement

Public Service Announcement

မှူးကြီး မိုဟူဒင် အာမက်က ဆိုပါတယ်။ ရွှေတွေနဲ့အတူ မြန်မာနိုင်ငံသုံး ငွေသား ၂၂၉၅၀၀ ကျပ်နဲ့အတူ မိုဘိုင်းဖုန်း ၁၀ လုံးကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီ အမျိုးသား နှစ်ယောက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ရွှေတွေ တရားမဝင် မှောင်ခို တင်သွင်းဖို့ ကြိုးစားခဲ့တာလို့ BGB ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး အမှုနဲ့ ပတ်သက်လို့ တရားရေးအရ ကိုင်တွယ် ဆောင်ရွက်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ အာမက်က မှတ်ချက်ပေးသွားပါတယ်။

​ရခိုင်ပြည်နယ် ​မောင်​တောမြို့မှာ စစ်​ကောင်စီတပ်ရဲ့​နောက်ဆုံးလက်ကျန်စခန်း​တွေကို အာရက္ခတပ်​တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်​နေပြီး တိုက်ပွဲ​တွေပြင်းထန်​​နေတာဖြစ်ပါတယ် ။တိုက်ပွဲ​တွေအတွင်း စစ်ရှုံးတာ​ကြောင့် စစ်​ကောင်စီတပ်က နယ်စပ်ဖြတ်​ကျော်ပြီး ထွက်​ပြေးတဲ့ စစ်သားနဲ့ နယ်ခြား​စောင့်ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြား​စောင့်ရဲ​တွေက ကူညီပြီးစစ်​ကောင်စီဆီကို မကြာခဏပြန်ပို့​ပေး​နေပါတယ် ။

ကိုးကား -Daily Observer

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံဆီ ယူရေနီယမ် လောင်စာ ဖြည့်တင်းမှုတွေ စတင်နေပြီလို့ ရုရှား နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်း Rosatomက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါ ကူးစက်မှုတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက အရင် အစိုးရ နှစ်ဆက်ကို အပြစ်တင်သွားခဲ့ပါတယ်။

သတင်း

စွမ်းအင်ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ ရုံးတွေမှာ မလိုအပ်ရင် မီးတွေ အားလုံး ပိတ်ထားဖို့၊ အဲကွန်းတွေ မဖွင့်ကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားပါတယ်။