Connect with us

Hi, what are you looking for?

သတင်း

မအူပင်မြို့ခံလူငယ်အချို့အား PDF ဟု စွပ်စွဲကာ စစ်ကောင်စီဖမ်းဆီး၊ စစ်ကြောရေးတွင် နှစ်ဦးသေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် လူငယ်အချို့အား PDFဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေပြီး နှစ်ဦးအား သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

‌ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် လူငယ်အချို့အား PDFဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေပြီး နှစ်ဦးအား သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မအူပင်မြို့နယ်၊အင်းမကျေးရွာမှ အသက် ၂၀ခန့်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးပြီးနောက် နောက်ထပ် ၂၀ဦး ထက်မနည်းကို ထပ်မံဖမ်းဆီးကာ အကြမ်းဖက်စစ်ဆေးနေကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ဖမ်းပြီး စစ်ကြောရေးမှာ အသေအလဲစစ်တယ်။ နောက်ထပ်လူငယ်တွေကို ထပ်ဖမ်းတယ်။ ပထမဆုံးဖမ်းဆီးခံရတဲ့ကလေး ဒဏ်ရာတွေနဲ့သေဆုံးသွားတယ်။ အိမ်ကို အကြောင်းကြားပြီး သင်္ဂြိုဟ်ခိုင်းတယ်”ဟု ပုသိမ်မြို့တွင်ရောက်ရှိနေသည့် ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၂၇)တွင် စစ်ဆေးနေပြီး နောက်ထပ်လူငယ်တစ်ဦးသည် စက်တင်ဘာ ၂၁ရက်တွင် စစ်ကြောရေးတွင် ထပ်မံသေဆုံးသွားပြီဟု သတင်းရရှိသည်။

ဖမ်းဆီးခံထားရသူများ၏မိသားစုဝင်များသည် ကြောက်လန့်နေကြပြီး အဆိုပါသတင်းအား ထုတ်ဖော်ပြောဆိုလိုခြင်းမရှိကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ်မှစတင်၍ ဧရာဝတီတိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ပြီး အရပ်သားပြည်သူများအား အကြမ်းဖက်စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

အာရက္ခတပ်တော်(AA)၏ ထိုးစစ်သည် ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ဂွမြို့အနီးထိရောက်ရှိလာပြီးနောက် ရခိုင်ပြည်နယ်နှင့် နယ်‌မြေချင်းထိစပ်နေသော ဧရာဝတီတိုင်းမှ ငါးသိုင်းချောင်းမြို့၊ရေကြည်မြို့၊ လေးမျက်နှာမြို့၊ ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်နှင့် ကြံ့ခင်းမြို့နယ်တို့တွင် အများပြည်သူပိုင်နေရာများတွင် ဝင်ရောက်တပ်စွဲထားသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြင့် သတင်းစုံစမ်းထောက်လှမ်းနေသလို စစ်ကားများဖြင့်လည်း ကင်းလှည့်နေသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ဩဂုတ် ၁၆ရက်နံနက်က စစ်ကောင်စီရေတပ်က သေနတ်ပစ်ခတ်မှုများရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိခဲ့သည်။

ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်နှင့် ထိစပ်နေသော ရခိုင်ရိုးမတနေရာ၌ စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြီးခဲ့သည့် ဩဂုတ်လဆန်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၆ဦးထက်မနည်းသေဆုံးကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ထို့အပြင် ရခိုင်ရိုးမနှင့်ဆက်စပ်နေသော မြို့နယ်များတွင် စစ်ကောင်စီက ပြည်သူ့စစ်အများအပြားနှင့်အတူ လုံခြုံရေးယူထားသည်။ ထို့အပြင် ယခုရက်ပိုင်းတွင် ဧရာဝတီတိုင်းတစ်တိုင်းလုံးအတိုင်းတာအားဖြင့် လိုင်စင်မဲ့ဆိုင်ကယ်များကို စစ်ကောင်စီက ဖမ်းဆီးနေပြီး လူငယ်များအားဖမ်းဆီးထိန်းသိမ်းမှုများ၊ ဆိုင်ကယ်များအားသိမ်းဆည်းမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။