Connect with us

Hi, what are you looking for?

သတင်း

မီးပိုပျက်တော့မည့် ရန်ကုန်

ရန်ကုန်မြို့၌ အလှည့်ကျမီးပေးစနစ်ကို တစ်ချိန်ထပ်တိုးမည်ဖြစ်ပြီး နံနက် ၅နာရီ အဆိုင်းကိုထပ်တိုးခြင်းဖြစ်သောကြောင့် အဆင်မပြေမှုများရှိကြောင်း ‌‌မြို့ပြနေပြည်သူများက ပြောသည်။

လျှပ်စစ်မီးပျက်နေသည့် ရန်ကုန်မြို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - PS

ရောင်နီ/People’s Spring

ရန်ကုန်မြို့၌ အလှည့်ကျမီးပေးစနစ်ကို တစ်ချိန်ထပ်တိုးမည်ဖြစ်ပြီး နံနက် ၅နာရီ အဆိုင်းကိုထပ်တိုးခြင်းဖြစ်သောကြောင့် အဆင်မပြေမှုများရှိကြောင်း ‌‌မြို့ပြနေပြည်သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ခရိုင်လေးခုတွင် ယခင်က နံနက် ၉နာရီမှ စတင်၍ လေးနာရီခြားတစ်ကြိမ် အလှည့်ကျမီးပေးစနစ်ဖြင့် မီးပေးနေခြင်းဖြစ်သည်။ လက်ရှိတွင် မီးပေးမှုကို နံနက် ၅နာရီမှစတင်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

“မနက် ၅ – ၉ပျက်တာ တအားဒုက္ခရောက်တာနော်။ အလုပ်တွေများလို့ နောက်ကျမှအိပ်တဲ့နေ့ဆို အိပ်နေရင်း မနက်အစောကြီး ထပျက်တော့ဘယ်လိုမှ အိပ်ရေးမဝတော့ဘူး။ အိပ်ရေးမဝတော့ တစ်နေကုန်ခေါင်းမကြည် Productivity တွေပါကျရော။ နွေတောင်မရောက်သေးဘူး ၊ဘဝတွေပျက်နေတာ။ အဲ့လောက်ဖျက်လည်း မီတာခကမလျော့ဘူး။ ဘယ်လိုကောင်းအောင်စီမံခန့်ခွဲမယ်မစဉ်းစား ဒါလောက်ပဲတတ်တဲ့ဟာတွေ အောက်လည်းမဆင်းပေးနိုင်အပေါ်လည်းထပ်မတက်နိုင် “ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောသည်။

နံနက် ၅ နာရီ အဆိုင်းမီးဖြတ်ခြင်းသည် တစ်ရက်စာ ထမင်း၊ ဟင်းချက်ရသည့် အိမ်ရှင်မများအတွက် အဆင်မပြေမှုများကြောင်း အမျိုးသမီးအချို့ကပြောသည်။

ခရိုင်လေးခုအနက် အနောင်ပိုင်းခရိုင်တစ်ခုသာ တစ်ရက်လျှင် သုံးဆိုင်း မီးပျက်ခြင်းဖြစ်ပြီး ကျန်ခရိုင်သုံးခုသည် လေးဆိုင်းခွဲ၍ မီးပျက်မည်ဖြစ်သည်။

“အလှည့်ကျဆိုတာ မြင်ကောင်းအောင်သာ ပြောတာပါ။သူတို့ထုတ်ပြန်ချက်ထဲ အဲ့လို တိတိကျကျ မီးပေးမီးဖျက်တယ်ဆိုတာ မရှိခဲ့ပါဘူး ။ကြေငြာချက်သာ ထုတ်တာပါ။ လာချိန် ပြည့်ဝစွာမပေးနိုင် ပျက်ချိန်ပိုပျက်မည်လို့‌ ရေးလို့မကောင်းလို့ဆိုတာ သိပါတယ်”ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနသည် စက်တင်ဘာမှစတင်၍ မီတာခများကို တိုးမြှင့်ကောက်ခံ လျက်ရှိသည်။

ယခင် ဒီချုပ်အစိုးရလက်ထပ်တွင် လျှပ်စစ်မီးကို ပုံမှန်ပေးနိုင်သည့်ပြင် ပြည်သူများကို မီတာခ ကင်းလွတ်ခွင့်များလည်း ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။