Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် PDF ရဲဘော်နှစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးရွာအနီး လမ်းမှားရောက်လာသည့် PDF ရဲဘော်နှစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးရွာအနီး လမ်းမှားရောက်လာသည့် PDF ရဲဘော်နှစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၂၉ရက်) နေ့လယ် ၂ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ PDF ရဲဘော်နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့်ထွက်လာစဥ် မကျီးတုံပျူစောထီးကျေးရွာကို လမ်းမှားဝင်ခဲ့ရာမှ ပျူစောထီးများ၏ သတ်ဖြတ်မှုကြောင့် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်း ​ဒေသခံကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“ လမ်းမှားဝင်သွားတာ။ ကပ်လွန်းအားကြီးသွားတယ်။ ရွာထိပ်အစောင့်တွေနဲ့တင်ဖြစ်တာ။ ရွာထဲထိမရောက်ဘူး။” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျဆုံးရဲဘော်နှစ်ဦးသည် မည်သည့်အဖွဲ့ကဆိုသည်ကိုမူ မသိရသေးပေ။

ရဲဘော်နှစ်ဦးပါလာသည့် Type -81 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၄၅ တောင့်၊ ဆိုင်ကယ် ၁ စီး၊ PDF ဘတ်တံဆိပ် ၂ စုံ တို့ကို သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင် ရေးသားထားသည်။

မကျီးတုံရွာသည် ပျူစောထီးအင်အားကောင်းရာရွာတစ်ရွာဖြစ်ပြီး ယမန်နှစ် ၂၀၂၃ နိုဝင်ဘာအတွင်းက PDF များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မကြာခင် တပ်ပြန်စွဲခဲ့သည်။

ခင်ဦးမြို့နယ်တွင် မကျီးတုံရွာအပြင် မဒေါင်းလှရွာ၊ ပျဥ်ထောင်ရွာ၊ ရွာသစ်ကုန်းရွာနှင့် မူးတိမ်ချောင်းရွာ စသည့် နေရာ ၅ ခု၌ ပျူစောထီးများဖြင့် အထိုင်ချ တပ်စွဲထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တပ်ဗျူဟာမှူး​သေပြီး စစ်သုံ့ပန်းအများအပြားဖမ်းဆီးရရှိဟု PDF အချို့​ပြော

သတင်း

စစ်ကိုင်းတိုင်းထဲမှာ နိုဝင်ဘာလ၁ရက်နေ့မှာဖြစ်တဲ့တိုက်ပွဲအတွင်း အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် (၂၆)တပ်ရင်းမှရဲဘော်ရန်နိုင်စိုး(ခ)ဇော်ဖြိုးဝေကျဆုံးခဲ့ပါတယ်။ ရဲဘော်ရန်နိုင်စိုးရဲ့ဈာပနကို ဒီ‌ကနေ့(နိုဝင်ဘာလ ၂ရက်နေ့ ) မှာပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြုလုပ်ခဲ့ပါတယ်။ ရဲဘော်ရန်နိုင်စိုးရဲ့ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတို့ကိုအစဉ်အောက်မေ့သတိရပြီး ပြည်သူ့တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်းရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂၆)တပ်ရင်းက ထုတ်ပြန်ပါတယ်။ ဓါတ်ပုံ- အမှတ်...

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုအထိအခိုက်များနဲ့ နောက်ကြောင်းပြန်ပြေးကာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်တွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးတပ်ဖွဲ့ရဲ့ကင်းစခန်းတခု စီးနင်းခံရကာ လက်နက်ခဲယမ်းတချို့ ဆုံးရှုံး