Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် PDF ရဲဘော်နှစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးရွာအနီး လမ်းမှားရောက်လာသည့် PDF ရဲဘော်နှစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးရွာအနီး လမ်းမှားရောက်လာသည့် PDF ရဲဘော်နှစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၂၉ရက်) နေ့လယ် ၂ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ PDF ရဲဘော်နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့်ထွက်လာစဥ် မကျီးတုံပျူစောထီးကျေးရွာကို လမ်းမှားဝင်ခဲ့ရာမှ ပျူစောထီးများ၏ သတ်ဖြတ်မှုကြောင့် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်း ​ဒေသခံကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“လမ်းမှားဝင်သွားတာ။ ကပ်လွန်းအားကြီးသွားတယ်။ ရွာထိပ်အစောင့်တွေနဲ့တင်ဖြစ်တာ။ ရွာထဲထိမရောက်ဘူး။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျဆုံးရဲဘော်နှစ်ဦးသည် မည်သည့်အဖွဲ့ကဆိုသည်ကိုမူ မသိရသေးပေ။

ရဲဘော်နှစ်ဦးပါလာသည့် Type -81 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၄၅ တောင့်၊ ဆိုင်ကယ် ၁ စီး၊ PDF ဘတ်တံဆိပ် ၂ စုံ တို့ကို သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင် ရေးသားထားသည်။

မကျီးတုံရွာသည် ပျူစောထီးအင်အားကောင်းရာရွာတစ်ရွာဖြစ်ပြီး ယမန်နှစ် ၂၀၂၃ နိုဝင်ဘာအတွင်းက PDF များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မကြာခင် တပ်ပြန်စွဲခဲ့သည်။

ခင်ဦးမြို့နယ်တွင် မကျီးတုံရွာအပြင် မဒေါင်းလှရွာ၊ ပျဥ်ထောင်ရွာ၊ ရွာသစ်ကုန်းရွာနှင့် မူးတိမ်ချောင်းရွာ စသည့် နေရာ ၅ ခု၌ ပျူစောထီးများဖြင့် အထိုင်ချ တပ်စွဲထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က နိုင်ငံအနှံ့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို လိုက်လံဖျက်ဆီးနေပြီး ခင်ဦးမြို့က ရုပ်တုကို စစ်တပ်က ဖျက်ဆီးခဲ့ရင် ချက်ချင်းတိုက်ပွဲဖြစ်သွားနိုင်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ငါးတင်းကြီးရွာက စာသင်ကျောင်းနဲ့ ဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာ​ကြောင့် ပြည်သူ ၆ဦးဒဏ်ရာရပြီးနေအိမ်၆လုံးမီး‌​လောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္ထိကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။