Connect with us

Hi, what are you looking for?

သတင်း

မိုင်းရယ်တွင် စစ်ကောင်စီ နှင့် MNDAA စစ်ရေးတင်းမာ

စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အဖြစ် ပြောင်းရွှေ့တပ်စွဲထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ်၌ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) နှင့် စစ်ကောင်စီတပ်တို့ကြား တင်းမာနေပြီး စစ်ရေးပြင်ဆင်မှုပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

လူအေး/People’s Spring

စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အဖြစ် ပြောင်းရွှေ့တပ်စွဲထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ်၌ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) နှင့် စစ်ကောင်စီတပ်တို့ကြား တင်းမာနေပြီး စစ်ရေးပြင်ဆင်မှုပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

“စစ်ကောင်စီက လားရှ်ိုးကို ပြန်တိုက်ဖို့အတွက် ပေါ်တင်ပဲ အင်အားဖြည့်နေတယ်။ ကိုးကန့်(MNDAA)က သူ့ ကတိအတိုင်း ကျည်မထွက်အောင်နေတယ်။ ဟိုတနေ့ကတော့မိုင်းရယ်နားက ဟိုယ ရွာကို စစ်ကောင်စီကလေကြောင်းကနေ ပစ်တယ်။ စစ်ပွဲတွေဖြစ်လာနိုင်မယ့်အရိပ်အယောင်တွေကတော့ရှိလာတယ်” ဟု မိုင်းရယ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

MNDAAတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ်အချိန်ကတည်းက ဟိုယရွာအနီး၌ ရှိနေပြီး စစ်ရေးလှုပ်ရှားမှုမရှိခဲ့ကြောင်း၊ စစ်ကောင်စီက မိုင်းရယ်မြို့ကို အင်အားဖြည့်တင်းပြီးနောက်ပိုင်း တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။

ပြီးခဲ့သည့်ဩဂုတ်လက လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း MNDAA သည် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုသိမ်းယူခဲ့သည်။ နမခ တိုင်းမှူး တိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကိုပါ ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီ လားရှိုးနမခ ကျသွားပြီး​နောက် မိုင်းရယ်ဗျူဟာ၌ ရမခဌာနချုပ်ကို ဖွင့်သည်ဆိုကာ လေ့ကျင့်ရေးအရာရှိချုပ်ရုံး၊ဒုတိယလေ့ကျင့်ရေးအရာရှိချုပ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ရမခတိုင်းမှူးအဖြစ်ခန့်အပ်ခဲ့သည်။ တိုင်းစစ်ဌာနချုပ်အဖြစ် ဖွဲ့စည်းပုံမပြေည့ဘဲ မိုင်းရယ်၌ နေရာချခဲ့သည့်အပေါ် စစ်တပ်မိသားစုဝင်များကိုယ်တိုင် လောင်ပြောင်ခဲ့ကြသည်။

စစ်ကောင်စီက မိုင်းရယ်ဗျူဟာကို ခြေကုတ်ယူ၍ လားရှိုးကိုပြန်လည်တိုက်ခိုက်ရန်ဆိုကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ပင်လုံ-လွိုင်လင်-လဲချား-ကျေးသီး-မိုင်းရယ်လမ်းနှင့် ကျေးသီး-မိုင်းကိုင်-နမ့်လန်-မိုင်းရယ်လမ်းတို့ကို သုံး၍ ကားများဖြင့် မြေပြင်အင်အား တိုးချဲ့နေသည်ဟု ရှမ်းပြည်မြောက်ပိုင်းစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

လားရှိုးမြို့အပါအဝင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များကို သင့်​တော်သလိုတုံ့ပြန်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ကြုံးဝါးထားသည်။ ထို့နောက် လားရှိုးမြို့အပါအဝင်၎င်းတို့လက်လွှတ်ထားရသည့် မြို့များကိုလေကြောင်းမှအကြိမ်ကြိမ်ဗုံးကြဲ​နေသည်။သိူ့​သော် ​မြေပြင် စစ်​ကြောင်းထိုးတိုက်ခိုက်မှုကို ရှမ်းပြည်နယ် ​မြောက်ပိုင်းတွင် မည်သည့်​ဒေသတွင်မှ မပြုလုပ်နိုင်​​သေးပေ ။

MNDAAက မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်‌ဘဲ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန် အထူးမေတ္တာရပ်ခံကြောင်းစက်တင်ဘာလ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ထို့အပြင်ထိုးစစ်များလည်း ရပ်တန့်ထားသည်။

ကိုးကန့်(MNDAA)အနေနဲ့ လေကြောင်းကနေအတိုက်ခံနေရတာကို မတုံ့ပြန်ဘဲနေနေရတယ်။ အချိန်ကြာလာတဲ့အမျှ မြို့တွေပြန်ပေးရနိုင်တယ်။ ကိုးကန့်အနေနဲ့ ထိုးစစ်တွေ ပြန်လုပ်မှ လက်ဆုပ်လက်ကိုင်ရထားတဲ့မြို့တွေ လက်မလွတ်ရမှာဖြစ်တယ်။ ဒါကကို တရုတ်ကလည်း နားလည်လာမယ်ထင်ပါတယ်” ဟု ရှမ်းပြည်မြောက်ပိုင်းရှိစစ်ရေးသတင်းရင်းမြစ်တစ်ဦးကသူ၏အမြင်ကိုပြောသည်။

စစ်ကောင်စီကမူ MNDAAအပါအဝင် တော်လှန်ရေးအင်အားစုများ လက်နက်ကိုင်လမ်းစဥ်စွန့်၍ ပါတီ​ထောင်​​ရွေး​ကောက်ပွဲဝင်ရန် စက်တင်လာလ ၂၆ရက်တွင် ကြေညာခဲ့သော်လည်း နာရီပိုင်းအကြာမှာပင် လာရှိုးမြို့ကို ဗုံးကြဲခဲ့သည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် ငြိမ်းချမ်းရေးကြိုးစားမှုများကို အတားအဆီးဖြစ်စေကြောင်း MNDAAက ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကောင်စီသည် တန်ပြန်ထိုးစစ်ဆင်မည်ဟုဆိုခေါ်လည်း လားရှိုးမြို့နေရာအနှံ့ကိုဗုံးကြဲနေသဖြင့်​ဒေသခံပြည်သူများထိခိုက်သေဆုံးမှုတနေ့ထက်တနေ့ မြင့်တက်လာကြောင်း MNDAAကစက်တင်ဘာလ ၃၀ရက်ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။