Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့​ပေါင်း ၈၁ မြို့

KIA နဲ့ မဟာမိတ်တပ်​တွေက ကချင်ပြည်နယ်၊​ဆော့​လော်ကို ​အောက်တိုဘာ ၂ရက်မှာ ထပ်မံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

KIA နဲ့ မဟာမိတ်တပ်​တွေက ကချင်ပြည်နယ်၊​ဆော့​လော်ကို ​အောက်တိုဘာ ၂ရက်မှာ ထပ်မံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

KIA နဲ့ ပူး​ပေါင်းတပ်​တွေက စက်တင်ဘာ ၂၉ ရက်မှာ ​ချီ​ဖွေမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

၄ ရက်အတွင်းမှာ မြို့ နှစ်မြို့ကို ဆက်တိုက်သိမ်းပိုက်ခဲ့တာပါ ။ဒါကြောင့် ကချင်ပြည်နယ်မှာ KIA နဲ့မဟာမိတ်တပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့​ပေါင်း ၁၁ မြို့ရှိပြီဖြစ်ပါတယ် ။

ဒါအပြင် KIA ကရှမ်းပြည်နယ်​​မြောက်ပိုင်းမှာလည်း မဘိမ်းမြို့ကိုသိမ်းပိုက်ထားပါတယ် ။

Public Service Announcement

Public Service Announcement

​အေက်တိုဘာ ၂ ရက်မနက်ပိုင်းအထိ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့​ပေါင်း ၈၁ မြို့ရှိလာပြီဖြစ်ပါတယ် ။

စစ်​ကောင်စီက ​တော်လှန်​ရေးတပ်​တွေသိမ်းသွားတဲ့မြို့​တွေ ကိုပြန်ထိုးစစ်ဆင်သိမ်းပိုက်မယ် ကြုံးဝါး​နေတဲ့ကြားက မြို့တမြို့ ထပ်သိမ်းခံရတာလည်းဖြစ်ပါတယ် ။

စစ်​ကောင်စီကတန်ပြန်ထိုးစစ်လုပ်မယ့် ဆို​ပေမယ့်​နေ့စဥ် နိုင်ငံတဝန်း ​ပြည်သူ​တွေကိုလေ​ကြောင်းက​နေ ဗုံးကြဲ သတ်ဖြတ်မှု​တွေကိုသာလုပ်​နေတာဖြစ်ပါတယ် ။

တချိန်တည်းမှာ အာရက္ခတပ်​တော် (AA) ရဲ့​မောင်​တောမြို့သိမ်းတိုက်ပွဲ ၊ PDF ​တွေရဲ့ ပင်လည်ဘူး ၊အင်း​တော်၊ ထီးချိုင့် မြို့သိမ်းတိုက်ပွဲ​တွေနဲ့ TNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်တွေရဲ့ သီ​ပေါမြို့အပြင်ကလက်ကျန်စခန်းသိမ်းတိုက်ပွဲ နဲ့ ​တောင်ခမ်းတိုက်ပွဲ​တွေဟာပြင်းထန်​နေပါတယ် ။​

တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ထိန်းချုပ်ထား​ပေမယ့် သတင်းမထုတ်ပြန်​သေးတာ​ကြောင့် People’s Spring ရဲ့အခုအင်ဖိုဂရပ်ဖစ်မှာ မပါ​သေးတဲ့မြို့​တွေလည်း ကျန်ရှိနိုင်ပါ​သေးတယ် ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတိုက်ပွဲမှာ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် (SNA)တပ်ဖွဲ့က အထိနာခဲ့ရာ တိုက်ပွဲမှာ ကျန်နေခဲ့တဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်တွေက ကောက်ယူပြီး ထုံးတမ်းအစဉ်အလာအတိုင်း နာရေးပြုလုပ်ပေးခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။