Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ကြီးတိုက်ပွဲ SNA ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့က နာရေးလုပ်ပေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတိုက်ပွဲမှာ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် (SNA)တပ်ဖွဲ့က အထိနာခဲ့ရာ တိုက်ပွဲမှာ ကျန်နေခဲ့တဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်တွေက ကောက်ယူပြီး ထုံးတမ်းအစဉ်အလာအတိုင်း နာရေးပြုလုပ်ပေးခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Screenshot

ဇူလိုင် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတိုက်ပွဲမှာ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် (SNA)တပ်ဖွဲ့က အထိနာခဲ့ရာ တိုက်ပွဲမှာ ကျန်နေခဲ့တဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်တွေက ကောက်ယူပြီး ထုံးတမ်းအစဉ်အလာအတိုင်း နာရေးပြုလုပ်ပေးခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင်လလယ်မှာ အင်းတော်ကြီးဒေသ လုံးတုံရွာအနီးက SNA တပ်စခန်းအချို့ကို ဇူလိုင် ၁၆ရက် ညနေပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ရာ ရုပ်အလောင်းတွေ၊ လက်နက်တွေ သိမ်းရခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲမှာ ကျန်နေခဲ့တဲ့ SNA ရုပ်အလောင်း ၆လောင်းကို ကောက်ယူပြီး ဒီကနေ့ ဇူလိုင် ၁၈ရက်မှာ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့တာလို့ ဒေသခံ သတင်းရင်းမြစ်အချို့က ရုပ်သံတွေ ဖော်ပြ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တိုက်ပွဲဖြစ်ခဲ့တဲ့ ဟဲပန်ကျေးရွာက လက်နက်ကြီးထိမှန်ခဲ့တဲ့ နေအိမ် အချို့ကိုလည်း KPDFက ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်က “ အဲဒီသတင်းက အမှန်ပါ” လို့ ပြောပါတယ်။

ဒါ့အပြင် SNAတပ်က မဟုတ်မမှန် ဝါဒဖြန့်တာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ လူမှုကွန်ရက်မှာ ရှမ်းနီအမည်ခံ စာမျက်နှာအချို့က ဝါဒဖြန့်သလို နေအိမ်တွေကို PDFက မီးရှို့တာမျိုး မရှိဘူးလို့ ပြောပြပါတယ်။

အင်းတော်ကြီးဒေသမှာ စစ်တပ်နဲ့ SNA တပ်တွေ ဆက်ရှိနေသေးတာမို့ တိုက်ပွဲတွေ ဆက်ရှိနိုင်တယ်လို့လည်း အခြားသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အင်းတော်ကြီး အပါအဝင် ကချင်ဒေသတွင်း စစ်ရေး အခြေအနေတွေမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။