Connect with us

Hi, what are you looking for?

သတင်း

နေရပ်ပြန်လာ​သော ဆိုင်းတောင်မှ ​ဒေသခံများကို စစ်ပွဲဇုန်ဖြစ်၍ ​ခေတ္တတိမ်း​ရှောင်​​​ပေးရန် KIA အသိပေး

ဖားကန့်မြို့နယ်မှဆိုင်းတောင်ရွာမှ စစ်​ဘေး​ရှောင်​နေရာမှ ပြန်​ရောက်လာ​​သောပြည်သူများကို စစ်ပွဲဧရိယာအတွင်းဖြစ်​နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ယာယီထွက်ခွာပေးရန် KIA ကအသိပေးထားကြောင်း သတင်းရရှိသည်။

ဆိုင်း​တောင်ရွာတွင်းစစ်​ကောင်စီက မီးရှို့၍ ​နေအိမ်များမီး​လောင်​နေသည်ကို စက်တင်ဘာလတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CJ

ရွှေပြည်စိုး/People’s Spring

ဖားကန့်မြို့နယ်မှဆိုင်းတောင်ရွာမှ စစ်​ဘေး​ရှောင်​နေရာမှ ပြန်​ရောက်လာ​​သောပြည်သူများကို စစ်ပွဲဧရိယာအတွင်းဖြစ်​နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ယာယီထွက်ခွာပေးရန် KIA ကအသိပေးထားကြောင်း သတင်းရရှိသည်။

“ပြီးခဲ့တဲ့တပတ်က တိုက်ပွဲတွေပြင်းထန်စဉ်က ရှောင်ခဲ့ကြသေးတယ်။ နောက်ပိုင်းပြန်ဝင်လာတယ်။ တိုက်ပွဲကမပြီးသေးဘူးဆိုတော့ KIA က သတိပေးတာ။ ဒီ‌နေရာဟာ စစ်ပွဲဇုန်မို့လို့ ဘေးကင်းအောင် သတိပေးတာလို့ပြောပါတယ်”ဟု ဒေသခံတဦးကပြောသည်။

ဆိုင်းတောင်ရွာတွင် စက်တင်ဘာ ၇ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး KIA နှင့် KPDFတို့က ဆိုင်းတောင် ရဲစခန်းကို စက်တင်ဘာ ၁၂ရက်တွင် သိမ်းပိုက်ခဲ့သည်။ ထို့နောက်စစ်ကောင်စီက ဒေသခံများ၏နေအိမ်များမီးရှို့ခြင်း၊လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဆိုင်းတောင်ရွာအတွင်းရှိ Lucky Man ဟိုတယ် နှင့် ယူမာ ကျောက်စိမ်းရုံး၌ တပ်စွဲထားပြီး ယင်းနှစ်နေရာတွင် စက်တင်ဘာလ ၂၅ရက်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။စစ်​ကောင်စီက Lucky Men ဟိုတယ်တွင်ဖမ်းဆီးထား​​သော ပြည်သူအများစုမှာလွတ်​မြောက်သွားပြီဖြစ်​ကြောင်းလည်းသိရသည်။

စက်တင်ဘာ လကုန်ပိုင်းနောက်ပိုင်းတွင် တိုက်ပွဲ​ခေတ္တငြိမ်သက်သွားရာ စစ်ရှောင်ခဲ့သောဒေသခံအချို့ ပြန် လည်ဝင်ရောက်လာခဲ့သည်။

ထိုသို့ပြန်လာ​သော​ဒေသခံများကို စစ်ပွဲဇုန် ဖြစ်​နေ​သေး၍ ​ခေတ္တတိမ်း​ရှောင်ရန် KIA တပ်ဖွဲ့ဝင်အချို့ကအသိ​ပေးခြင်းဖြစ်​ကြောင်းသိရသည်။

ဆိုင်တောင်ရွာအတွင်းရှိ ရပ်ကွက်၁၊၂၊၃၊၄တို့မှ ဒေသခံပြည်သူများ တိန်းရှောင်ကြရန် အသိ​ပေးခြင်းဖြစ်သည်ဟုဒေသခံတဦးကပြောသည်။

KIA နှင့်ပူး​ပေါင်းတပ်က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်လာနိုင်သောကြောင့် ဒေသခံများ၏လုံခြုံရေးအတွက် ကြိုတင်သတိပေးခြင်းဖြစ်နိုင်​ကြောင်း KIAနှင့် နီးစပ်သူအချို့ကပြောသည်။

KIA နှင့် ပူးပေါင်းတပ်များသည် စက်တင်ဘာ လကုန်ပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်အရှိန်မြှင့်လာရာ စက်တင်ဘာ ၂၉ ရက်တွင် ​ချီ​ဖွေမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အောက်တိုဘာ ၂ရက်တွင် ဆော့​လော်မြို့ကို ​ထပ်မံသိမ်းယူခဲ့သည်။ ချီ‌ ဖွေမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပျက်စီးသင်္ဘောကို ဆွဲခေါ်ပေးဖို့ လက်အောက်ငယ်သားက အသနားခံပေမဲ့ အရာရှိပါတဲ့ စစ်သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။