Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ စရဖရုံးချုပ်ဝင်းကို ပြောက်ကျားအဖွဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် စစ် ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးချုပ်ဝင်းကို ယမန်နေ့ညပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column (R.U.C) စစ်ကြောင်းမှ အသိပေးထုတ်ပြန်သည်။

သုည/People’s Spring

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် စစ် ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးချုပ်ဝင်းကို ယမန်နေ့ညပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column (R.U.C) စစ်ကြောင်းမှ အသိပေးထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာ ၂) ည ၇ နာရီ ၁၇ မိနစ် တွင် အောင်မင်္ဂလာအဝေးပြင်းကားဝင်းရှေ့ရှိ စရဖရုံးချုပ်ဝင်းအတွင်း ၇၉ ဗုံးပစ်လောင်ချာ၊ ၄၀ မမ ဗုံးသီးဖြင့် နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပထမအကြိမ်တွင် ဗုံးသီးချို့ယွင်းချက်ဖြစ်ခဲ့ပြီး နောက်တစ်အကြိမ်တွင်လိုအပ်သည့်ပစ်မှတ်ထံ ကျရောက်ပေါက်ကွဲခဲ့ကြောင်း RUC စစ်ကြောင်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ညက ၇ နာရီကျော်လောက်မှာ အောင်မင်္ဂလာကားဝန်းဘက်က ဗုံးပေါက်သံ ကြားလိုက်ရတယ်။ ကားဝန်းရှေ့က စစ်ရုံးကို ပစ်တာလို့တော့ သိရတယ်။ ဗုံးပေါက်ပြီးပြီးချင်း စစ်သားတွေအများကြီး ထွက်လာပြီး စစ်ဆေးနေလို့ သိရတယ်။ ဘေးတွဲဆိုင်ကယ်တွေဆို တစ်စီးချင်းကို သေချာစစ်တယ်။ ညက ဗုံးပေါက်တဲ့ကိစ္စဖြစ်လို့လား မသိဘူး ခုမနက်လည်း မြောက်ဥက္ကလာအဝိုင်း၊ ဆေးရုံရှေ့နဲ့ ခေမာသီလမ်းပေါ်တွေမှာ ဘေးတွဲဆိုင်ကယ်တွေကို လိုက်စစ်ပြီး ဖမ်းနေတာ တွေ့ခဲ့ပါတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဝင်အချို့ ထိခိုက်မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း RUC စစ်ကြောင်းက အသိပေးခဲ့သည်။

UG ရဲဘော်များအား လိုက်လံဖမ်းဆီးနေသော စရဖ များအား လက်တုံ့ပြန်သည့်အနေဖြင့် ယင်း Missionကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း RUC စစ်ကြောင်းက ဆိုသည်။

ပြီးခဲ့သည့် မေလ ၃ရက် ညပိုင်းကလည်း စရဖရုံးချုပ်အဝင် လုံခြုံရေးဂိတ်ကို မြို့ပြပြောက်ကျား တပ်ဖွဲ့များက မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။