Connect with us

Hi, what are you looking for?

သတင်း

လာမည့် အာဆီယံထိပ်သီးညီလာခံသို့ စစ်ကောင်စီနိုင်ငံခြားရေးအရာရှိတစ်ဦးကို စေလွှတ်

အာဏာသိမ်းစစ်ကောင်စီသည် လာမည့် အာဆီယံထိပ်သီးညီလာခံသို့ ၎င်း၏နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးကို စေလွှတ်မည်ဟု သိရကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြသည်။

၂၀၂၄ ဇူလိုင်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပနေစဉ်။ ဓာတ်ပုံ - ASEAN

ထားအိ/People’s Spring

အာဏာသိမ်းစစ်ကောင်စီသည် လာမည့် အာဆီယံထိပ်သီးညီလာခံသို့ ၎င်း၏နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးကို စေလွှတ်မည်ဟု သိရကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြသည်။

အာဆီယံသည် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၎င်း၏နိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးညီလာခံနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားပြီး နိုင်ငံရေးအရကိုယ်စားပြုမှုမရှိသူ(non-political representative)ကို တက်ရောက်ခွင့်ပြုထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ အောက်တိုဘာ ၉ရက်တွင် စတင်မည့် အာဆီယံထိပ်သီးညီလာခံသို့ စစ်ကောင်စီနိုင်ငံခြားရေးအမြဲတမ်းအတွင်း ဦးအောင်ကျော်မိုးကို စေလွှတ်မည်ဖြစ်၍ ၎င်းသည် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်သီးညီလာခံတက်ရောက်မည့်သူဖြစ်လာသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၂၀၂၁ ဧပြီတွင် ကျင်းပသော အာဆီယံခေါင်းဆောင်များအစည်းအဝေးကို တက်ရောက်ကာ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ အားလုံးပါဝင်သည့်တွေ့ဆုံဆွေးနွေးရေး စသည့်အချက်များပါဝင်သော အာဆီယံတူညီဆန္ဒ ၅ရပ်ကို သဘောတူဆုံးဖြတ်ခဲ့သည်။

သို့သော် အာဏာသိမ်းခေါင်းဆောင်သည် အာဆီယံခေါင်းဆောင်များ ချမှတ်ထားသော တူညီဆန္ဒ ၅ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိ၍ အာဆီယံထိပ်သီးညီလာခံသို့ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီနိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန်သည် ပြီးခဲ့သည့်ဇူလိုင်တွင် ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သူဖြစ်သည်။

စစ်ကောင်စီသည် တိုင်းပြည်အတွင်း နယ်မြေဆုံးရှုံးမှုနှင့် နိုင်ငံတဝန်း တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကို ပိုမိုရင်ဆိုင်လာနေရချိန််တွင် ဒေသတွင်းနိုင်ငံများ၏ အထောက်အပံ့ကို ရရှိရေးအတွက် အာဆီယံထိပ်သီးညီလာခံသို့ ၎င်း၏နိုင်ငံခြားရေးအတွင်းဝန်ကို စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။

မကြာသေးမီက ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီးက မြန်မာ့အရေးကို အဖြေရှာရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးများ၊​ လူငယ်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှတဆင့် နိုင်ငံရေးလုပ်ငန်းစဥ်ကို လုပ်ဆောင်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီဇင်ဘာမှာ ထိုင်းက မြန်မာ့အရေး အလွတ် သဘောဆွေးနွေးပွဲ လက်ခံကျင်းပမယ်လို့ဆို

Facebook