Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါတွင် ရေဘေးသင့်ပြည်သူများအား PDFက တစ်အိမ်ထောင် ကျပ်တစ်သိန်းစီထောက်ပံ့

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တွင် ရေဘေးသင့်အိမ်ထောင်စု ၁၈ဝကျော်အား တစ်အိမ်ထောင် လျှင် ကျပ်တစ်သိန်းစီထောက်ပံ့ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသ၏ ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်းက အသိပေးထုတ်ပြန်သည်။

ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့နေစဥ်။ဓာတ်ပုံ - The Youth Force Saw& Kyaukhtu

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တွင် ရေဘေးသင့်အိမ်ထောင်စု ၁၈ဝကျော်အား တစ်အိမ်ထောင် လျှင် ကျပ်တစ်သိန်းစီထောက်ပံ့ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသ၏ ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်းက အသိပေးထုတ်ပြန်သည်။

ဂန့်ဂေါခရိုင် တပ်ရင်း (၁၃)နယ်မြေအတွင်း ရေဘေးကြောင့် အခက်အခဲ ဖြစ်နေသော ကျေးရွာတစ်ရွာမှ ပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် အိမ်ထောင်စု ၁၈၄ စုအတွက် ကျပ် ၁၈၄သိန်းထောက်ပံ့ခဲ့ကြောင်း အဆိုပါတပ်ရင်းက ယနေ့ (အောက်တိုဘာ ၅ရက်)တွင် အသိပေးသည်။

Public Service Announcement

Public Service Announcement

လူမှုအဖွဲ့အစည်းတစ်ခု၏ ကူညီထောက်ပံ့မှုအား ဆောမြို့နယ် ကျန်းမာရေးတာဝန်ခံ၏ ချိတ်ဆက်မှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ဆောမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၊ ဆောမြို့နယ်ကျန်းမာရေးအဖွဲ့ဝင်များနှင့် စုပေါင်း သွားရောက်ကူညီခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ထောက်ပံ့မှုနှင့်ပတ်သက်၍ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်းသည် တိုက်ပွဲမရှိိသည့်အချိန်များတွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများအား သက်ဆိုင်ရာတော်လှန်အဖွဲ့အစည်းများ ၊ လှုမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးနေကြောင်း အဆိုပါ တပ်ရင်းက အသိပေးထားသည်။

Yagiမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ပြည်သူသိန်းချီ ရေဘေးကြုံတွေ့နေပြီး သေဆုံးနှင့် ပျောက်ဆုံး လူဦးရေ ၁,၀၀၀ကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)က စက်တင်ဘာ ၂၅ရက်တွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းယာဂိ၏ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီး၊ ရေလျှံခြင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၇၀ ခန့်တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်အထိ ရေဘေးသင့် လူဦးရေ ၁သန်းခန့် ရှိကြောင်း၊ အဆိုပါ နေရာအနှံ့ ရေကြီးရေလျှံခြင်းကြောင့် နိုင်ငံ၏ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပြီး လူဦးရေ ၃၆၀ကျော် ရေနစ်သေဆုံးခဲ့ကာ ၁၀၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Trending

Facebook