Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ပညာရေး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေး အသုံးစရိတ်များကို ထပ်မံ​လျှော့ချ

စစ်ကောင်စီကနိုင်ငံ၏ ပညာရေး၊ကျန်းမာရေး နှင့်ကယ်ဆယ်ရေး ကဏ္ဍ အသုံးစရိတ်များကိုထပ်မံ လျှော့ချလိုက်သည်။

ရဲခေါင်/People’s Spring

စစ်ကောင်စီကနိုင်ငံ၏ ပညာရေး၊ကျန်းမာရေး နှင့်ကယ်ဆယ်ရေး ကဏ္ဍ အသုံးစရိတ်များကိုထပ်မံ လျှော့ချလိုက်သည်။

အောက်တိုဘာ ၄ ရက်က စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေ စာရင်းအချက်အလက် များ၌ ပညာရေး၊ကျန်း မာရေးနှင့်ကယ်ဆယ်ရေးဌာနတို့၏ အသုံးစရိတ် များကို ဖော်ပြထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စာရင်းဖော်ပြမှုများအရစစ်တပ် အာဏာသိမ်းပြီးနောက်ကစ၍ နိုင်ငံ၏ ပညာရေး၊ကျန်းမာရေး နှင့်ကယ်ဆယ်ရေးဝန်ကြီးဌာနတို့၏ အသုံးစရိတ်များမှာ နှစ်စဥ်လျော့ကျလာသည်ကိုတွေ့ရသည်။

ယခုဘဏ္ဍာနှစ်၏ ပြည်ထောင်စု၏ စုစုပေါင်းအသုံး စရိတ်သည် ကျပ်ဘီလီယံ ၄၀,၀၀၀ ရှိမည်ဟု စစ်ကောင်စီက ​ဖော်ပြထားသည်။ထိုအနက် ပညာရေး ဝန်ကြီးဌာန၏ အသုံးစရိတ် ၆ ဒသမ ၀၃ ရာခိုင်နှုန်း ရှိမည်ဟု​ဖော်ပြထားသည်။ယခင်ဘဏ္ဍာနှစ်ထက် ၀ ဒသမ ၄၆ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

ထို့အတူ ကျန်းမာရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည်လည်း ၂ ဒသမ ၂၀ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ယခင်နှစ်ထက် ၀ ဒသမ ၁၂ ရာခိုင်နှုန်း အသုံးစရိတ်နည်းသွားသည်။ကယ်ဆယ်ရေးဝန်

ကြီးဌာန၏ ရရှိမှုမှာလည်း ၀ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိပြီး ယခင်ထက် ၀ ဒသမ ၄ ရာခိုင်နှုန်းလျှော့ချခံရခြင်းဖြစ်သည်။

“အရပ်သားအစိုးရလက်ထက်ကတည်းက နိုင်ငံတော်ရဲ့ ရငွေ အသုံးစရိတ် စုစုပေါင်းရဲ့ ငါးပုံ တစ်ပုံလောက်က စစ်တပ်ကပဲ ယူခဲ့တာပဲ။အခုသူတို့ အာဏာသိမ်းလိုက်တော့ ပိုဆိုးတာပေါ့။အခုထိလည်း မြန်မာနိုင်ငံတော်ရဲ့ အာဏာသိမ်းစစ်တပ်ကြီးက တစ်နှစ်ကို ဘယ်လောက်သုံးစွဲနေပါတယ်ဆိုပြီး တရားဝင်ကြေ ညာတာမျိုး မတွေ့ရဘူး။ဒါဟာ နိုင်ငံတော်ကို စစ်တပ်က တရားဝင် ခေါင်းပုံဖြတ်နေတာမျိုးဖြစ်တယ်။လူထုအတွက်အရေးကြီးတဲ့ ပညာရေး၊ကျန်းမာရေး နဲ့ အခုကာလမျိုးမှာအရေးပါတဲ့ ကယ် ဆယ်ရေး အသုံး စရိတ်တွေကို လျှော့တာဟာ အချိန်ဆွဲသတ်နေတာ ပဲ”ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။

စစ်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေ စာရင်းအချက်အလက် များတွင် ပညာ ရေး၊ကျန်း မာရေးနှင့်ကယ်ဆယ်ရေး ဝန်ကြီးဌာနသုံးခု၏ စာရင်းကိုသာ ဖော်ပြထားပြီး ကာကွယ်ရေးဝန်ကြီးဌာန အပါ အဝင် အခြားဝန်ကြီးဌာနများ၏ အသုံးစရိတ်ကို ဖော်ပြထားခြင်းမရှိပေ။

​ရွေး​ကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် ပညာ​ရေးနှင့် ကျန်းမာ​ရေးအသုံးစာရိတ်များကိုနှစ်စဥ်တိုးသုံးစွဲခဲ့သည်။ သဘာဝ​ဘေးအန္တရာယ်ကယ်ဆယ်​ရေးရန်ပုံငွအတွက် ကျပ်​ငွေတန်ဖိုး ယခုကာလထက်များစွာမာ​သောကာလမှာပင် ကျပ်ဘီလီယံ ၁၀၀၀ လျာထား၍ သုံးစွဲခဲ့သည်။

စစ်​ကောင်စီကမူ စက်တင်ဘာ လတွင် နိုင်ငံတစ်ဝန်း​ရေကြီးပြီး ပြည်သူ ​ထောင်ချီ​သေဆုံး​ပျောက်ဆုံးကာ ပြည်သူသန်းနှင့်ချီ ​ရေ​ဘေးသင့်ချိန်တွင် ကယ်ဆယ်​ရေးရန်ပုံ​ငွေ ကျပ် ၃၀ ဘီလီယံသာအသုံးပြုမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ ထိစပ်ရာ နီပေါပိုင်နက်ထဲက ရေဘေးသင့် တောင်ပေါ်ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ပေးပို့ရေးဟာ အရမ်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ (UN)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ တိဘက်ဒေသနဲ့ နီပေါနိုင်ငံ ထိစပ်ရာ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေအပြီး ဥမင်တစ်ခုထဲ ပိတ်မိနေတယ်လို့ ယူဆရသူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ နီပေါစစ်တပ်က အပူတပြင်း ကြိုးစားနေပါတယ်။