Connect with us

Hi, what are you looking for?

သတင်း

သာမညဒေသမှာ သန်းခေါင်စာရင်းလုံခြုံရေးလိုက်တဲ့စစ်တပ်ကား တိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ သာမည ဒေသထဲမှာ ဒီနေ့မနက်ပိုင်းက သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေး လိုက်ပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ကား တိုက်ခိုက်ခံရပြီး ၃ ဦီးသေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကသိရပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ သာမည ဒေသထဲမှာ ဒီနေ့မနက်ပိုင်းက သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေး လိုက်ပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ကား တိုက်ခိုက်ခံရပြီး ၃ ဦီးသေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကသိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၀ ရက် မနက် ၇ နာရီခန့်က သာမည ဒေသ မှာ သန်းခေါင်စာရင်း ကောက်ဖို့ လုံခြုံရေးလိုက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကား စောင့်ကြိုတိုက်ခိုက်ခံရတာပါ။

Public Service Announcement

Public Service Announcement

“သာမညမြောက်ဘက်ပေါ့၊ အဖွဲ့စုံဂိတ်တစ်ခုရှိတယ်၊ အဲ့ဂိတ်နား မရောက်ခင်မှာ လုံခြုံရေးလာယူမယ့် စစ်ကောင်စီတပ်ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရတယ်” လို့ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦီးသေဆုံးပြီး ၊ ၃ ဦးဒဏ်ရာရသလို ကားလည်း ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာ က နယ်ခြားစောင့်တပ်(BGF) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ၊ KNU တပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားတဲ့ဒေသဖြစ်ပါတယ်။

စစ်ကောင်စီ ကိုထောက်ခံတဲ့ လူမှုကွန်ရက်စာမျက်နှာအချို့မှာတော့ သာမညကျေးရွာမြောက်ဘက် ဝင်းစိန်ကျေးရွာ၊ ဘုန်းကြီးကျောင်းမုခ်ဦးအနီး တိုက်ခိုက်ခံရတာလို့ ဖြန့်ဝေပါတယ်။

သန်းခေါင်စာရင်ကောက်အဖွဲ့တွေအတွက် လုံခြုံရေးပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို KNU ၊ PDF အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ ဖြန့်ဝေပါတယ်။

တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၊ ၃ဦးဒဏ်ရာရခဲ့သလို ကား ၁ စီးလည်းပျက်စီးသွားတယ်လို့ အဲဒီဖြန့်ဝေချက်မှာပါရှိပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သာမည ဒေသထဲကို စစ်ကောင်စီတပ်ဖွဲ့ အင်အားအများအပြားနဲ့ဝင်ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။