Connect with us

Hi, what are you looking for?

သတင်း

ဘူးသီးတောင်တွင် ဝါးခုတ်သွားသည့် ပြည်သူ ၂ဦးကို ARSAသတ်ပြီးအလောင်းဖျောက်ဟု AA ထုတ်ပြန်

ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဝါးခုတ်သွားသည့် ပြည်သူ ၂ဦးကို အာဆာလက်နက်ကိုင်တပ်(ARSA)က သတ်ဖြတ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဝါးခုတ်သွားသည့် ပြည်သူ ၂ဦးကို အာဆာလက်နက်ကိုင်တပ်(ARSA)က သတ်ဖြတ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ဘူးသီးတောင်မြို့ အမှတ်(၂) ရပ်ကွက်၊ ရွာသစ်ရွာမှ အသက် (၆၇)နှစ်နှင့် (၆၅)နှစ်အရွယ် အမျိုးသား ၂ဦးသည် အောက်တိုဘာ ၇ရက် မနက်တွင် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာသို့ ဝါးခုတ်ရန် ထွက်ခွာသွားရာပျောက်ဆုံးနေ၍ AA ၏ အာရက္ခပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပျောက်ဆုံးနေသူ ၂ဦး၏ ရုပ်အလောင်းကို အောက်တိုဘာ ၁၀ ရက်နံနက်တွင် ဂုံးနား(မူဆလင်ရွာ)ရှိ နေအိမ်ခြံဝင်းတစ်ခု၌ တွေ့ရှိခဲ့ကြောင်း၊ ပျောက်ဆုံးနေသူ ၂ဦး၏ ဦးခေါင်းကိုဖြတ်၍ မြေမြှုပ်ထားခြင်းဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

အဆိုပါရုပ်အလောင်းနှစ်လောင်းအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ DLEPS၏ အာရက္ခပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊

အုပ်ချုပ်ရေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် မှုခင်းဆိုင်ရာ ဆေးဘက်ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်တူးဖော်ပြီး လိုအပ် သော စစ်ဆေးမှုများကိုပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

ထို့နောက် အသက်ဆုံးပါးသွားခဲ့ရသောသူနှစ်ဦး၏ မိသားစုဝင်များကို အကြောင်းကြားပြီး အလောင်းတွေ့ရှိခဲ့ သောနေရာအနီး၌ပင် ကောင်းမွန်စွာ ပြန်လည်မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟုဆိုသည်။

ထို့ပြင် အပြစ်မဲ့ရွာသားနှစ်ဦးအား သတ်ဖြတ် သွားခဲ့သော ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေလျက်ရှိကြောင်းလည်း AAက ထုတ်ပြန်သည်။

ပျောက်ဆုံးသူ ၂ဦးအား အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြု အဖွဲ့ဝင် များက ပျောက်ဆုံးသည့် နေ့ အောက်တိုဘာ ၇ရက် နေ့လည်ပိုင်းတွင် လိုက်လံရှာဖွေရာ ARSA က ခြုံခိုတိုက်ခိုက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟုလည်း AAက အောက်တိုဘာ ၈ရက်တွင် အသိပေးထားသည်။

စက်တင်ဘာ ၃၀ရက်ကလည်း မောင်တောမြို့နယ် ကိုင်းကြီးမြိုရွာမှ ဒေသခံ ၄ဦး မေယုတောင်ခြေရှိ လက်ဝဲချောင်းသို့ ငါးရှာသွားစဉ် ARSA ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ၍ ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

အောက်တိုဘာ ၆ရက်ကလည်း မောင်တောမြို့ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်၍ ပြန်လာသည့် အရပ်သား ၆ဦးပါကားကို ARSAက ခြုံခိုပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်းAA က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေဆက်တက်နေတဲ့ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့မှာ ရေနစ်နေတဲ့ ဆယ်နှစ်အရွယ်ရိုဟင်ဂျာကလေးငယ်တဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)လက် အောက်ခံကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့​​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်းက လူနေကျေးရွာတွေအပါအဝင် နေရာလေးခုထက်မနည်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာသုံးစီး၊ ထောက်ပို့လေယာဉ် Y 12 တစီးတို့နဲ့ ဗုံးကြဲခဲ့တာ​ကြောင့်ရိုဟင်ဂျာကလေးငယ်တ ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ULA/AAနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ သံတမန်‌ရေးအဆင်ပြေမှာကို မနာလိုတဲ့အုပ်စု​တွေရဲ့လုပ်ကြံမှုဟုအသိ​ပေး

သတင်း

ARSAအဖွဲ့က ခရီးသွား ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်လက်လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော်(AA)က အောက်တိုဘာ ၂၃ရက် မနေ့က သတင်းထုတ်ပြန်ခဲ့ပြီး နယ်စပ်က ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ သတိပြုဖို့၊ မဖြစ်မနေမှသာ သွားလာဖို့၊ လိုအပ်ရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းပို့ သွားလာဖို့ ထပ်မံ သတိပေးခဲ့ပါတယ်။