Connect with us

Hi, what are you looking for?

သတင်း

ARSA၊RSO၊ARAအဖွဲ့တွေရဲ့ ရန်ကြောင့် မောင်တောခရိုင်မှာ AA က ညမထွက်ရအမိန့်ထုတ်

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊RSO၊ARAတို့ရဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းတိုက်ခိုက်တာတို့ ရှိနေတဲ့အတွက်ကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့အတွင်း နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ညဘက်အ ပြင်မထွက်ကြဖို့ အာရက္ခတပ်တော်(AA)က ညမထွက်ရအမိန့်တရပ် ထုတ်ပြန်လိုက်ပါတယ်။

( ARSA ၊ RSO ၊ ARA အဖွဲ့​တွေက ၂၀၂၅ ခုနှစ်မှာ တိုက်ခိုက်ခဲ့တဲ့​နေရာ ​တွေကို ထုတ်ပြန်ခဲ့စဥ် )

ဩဂုတ်-၁၂၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊RSO၊ARAတို့ရဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းတိုက်ခိုက်တာတို့ ရှိနေတဲ့အတွက်ကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့အတွင်း နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ညဘက်အ ပြင်မထွက်ကြဖို့ အာရက္ခတပ်တော်(AA)က ညမထွက်ရအမိန့်တရပ် ထုတ်ပြန်လိုက်ပါတယ်။

ည ၁၀ နာရီကနေ မနက် ၄ နာရီထိအပြင်မထွက်ရဘူးလို့ဆိုတဲ့ အဲဒီအမိန့်ကို AA အုပ်ချုပ်ရေးဌာန၊ မောင်တောခ ရိုင်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုးထုတ်ပြန်တာဖြစ်ပြီး ဩဂုတ်လ ၉ ရက်နေ့ကနေ အမိန့်ရုပ်သိမ်းကြောင်း မ ထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆူပူသောင်းကျန်းမှုဖြစ်စေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြတဲ့ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအကြမ်းဖက် မူဆလင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့RSO၊ ARSA ၊ ARA အကြမ်းဖက်သမားတို့ဟာ တဖက်နိုင်ငံ ကို ခြေကုပ်ယူပြီး အာရက္ခပြည်ထဲသို့ ထိုးဖောက်ကာ အာရက္ခပြည်သူတွေကို သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ချောင်းမြောင်းတိုက်တိုက်ခိုက်ခြင်း၊ လုယက်ခြင်းတွေကို ပြုလုပ်လျက်ရှိသောကြောင့် မိဘပြည်သူတို့ ဘေးအန္တ ရာယ်ကင်းရှင်းစေဖို့အတွက် ရည်ရွယ်၍” လို့ အမိန့်ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီညမထွက်ရအမိန့်ကိုမပျက်မကွက်လိုက်နာကြဖို့၊ ပျက်ကွက်ရင် ထိုက်တန်တဲ့အပြစ်ပေးအရေးယူမှုတွေ လုပ် ဆောင်သွားဖို့နဲ့ မဖြစ်မနေ သွားလာရမယ့်ကိစ္စတွေရှိလာခဲ့ရင်လည်း သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ကြိုတင်အကြောင်းကြား ခွင့်ပြုချက်ရယူပြီးမှသွားကြဖို့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့မောင်တောခရိုင်မောင်တော၊ဘူးသီးတောင်မြို့နယ်တို့အတွင်း ရို ဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှုရှိနေပြီး AA တပ်ဖွဲ့ဝင်တွေနဲ့ စျေးရောင်း၊ဟင်းခူး၊ထင်းရှာစသဖြင့်သွားလာနေကြတဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်၊ ပြန်ပေးဆွဲတာတွေ မကြာခဏ ရှိနေတာပါ။

အဲဒီလိုလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့အရပ်သားဟာလည်း ဆယ်ချီရှိနေပါတယ်။

“နယ်စပ်က တောတွေထဲမှာ နေတယ်။ ခြုံခိုတိုက်ခိုက်တာတွေရှိတယ်။ မနှစ်ကဆိုရင် စီးပွားရေးသမားတွေကို ပြန် ပေးဆွဲတာတွေလည်း ရှိတယ်။ မူဆလင်တွေကိုလည်း AA ကို ထောက်ခံတဲ့သူတွေကိုဆိုရင် သတ်ပစ်တာတွေရှိတယ်။စျေးသွားရောင်းတဲ့ကျွန်တော့်အမျိုးတွေ မနှစ်က အသတ်ခံလိုက်ရတယ်” လို့ မောင်တောမြောက်ပိုင်းမှာ နေထိုင်သူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခု စက်တင်ဘာလအတွင်းက ARSA အဖွဲ့ သတ်ဖြတ်ထားခဲ့တဲ့ အလောင်းခြောက်လောင်းကို AA ကတွေ့ခဲ့ရပြီး သတ်ဖြတ်ခံရသူတွေဟာ မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညို၊ တမန်းသားနဲ့ အနီးဝန်းကျင်ကျေး ရွာတွေက ဖြစ်ကြပါတယ်။

အထက်ပါအဖွဲ့တွေဟာ နယ်စပ်တလျှောက် ပြောက်ကျားစနစ်နဲ့ လှုပ်ရှားနေတာဖြစ်ပြီး AA တပ်စခန်းတွေကိုလည်းအဝေးမှ လာရောက်ချုံခိုတိုက်ခိုက်မှုတွေ မကြာခဏရှိနေကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် (BGB)တပ်စခန်းအနီးဝန်းကျင်တွေမှာ အခြေစိုက်စခန်းချနေကြတယ်လို့ AA ကဆိုထားပါတယ်။

မောင်တောခရိုင်အတွင်းမှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အပြင် ရိုဟင်ဂျာစည်းလုံးညီ ညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှုရှိနေပြီး မောင်တောခရိုင်တခုလုံးကိုသိမ်းပိုက်ထားတဲ့ AA အတွက်အာဏာသိမ်းစစ်တပ်မရှိတော့ပေမယ့်လည်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရသေးတာပါ။

အဲဒီရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို ပြီးခဲ့တဲ့ ရခိုင်ဒေသမြို့သိမ်းတိုက်ပွဲတွေမတိုင်ခင် ၂၀၂၂ ၊ ၂၀၂၃ ခုနှစ်တွေထဲ အာဏာသိမ်းစစ်တပ်က စစ်သင်တန်းပေး၊လက်နက်ထောက်ပံ့တာတွေ ရှိခဲ့ပြီး AA နဲ့ ဖြစ်တဲ့ တိုက်ပွဲအချို့မှာလည်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ AA နဲ့ ဒေသခံတွေကပြောထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ