Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တွင် အင်တာနက်ဖြတ်တောက်ခံထားရ၍ ပကဖက စစ်သတင်းလွှာဖြန့်ဝေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် အင်တာနက်ဖြတ်တောက်ခံထားရ၍ မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ​ပြည်သူများထံ စစ်သတင်းလွှာများ ဖြန့်ဝေပေးနေကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့တွင် စစ်သတင်းလွှာအား ဖြန့်ဝေနေစဥ်။ ဓာတ်ပုံ-ပကဖအသံ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် အင်တာနက်ဖြတ်တောက်ခံထားရ၍ မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ​ပြည်သူများထံ စစ်သတင်းလွှာများ ဖြန့်ဝေပေးနေကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့၌ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရ၍ PDF စိုးမိုးနယ်မြေအတွင်းရှိ ပြည်သူများ တော်လှန်ရေးနှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများအား အချိန်နှင့်​တပြေးညီ သိရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် သတင်းအချက်အလက်များ ပုံမှန်ရရှိနိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ စီစဉ်ပံ့ပိုးမှုဖြင့် စစ်သတင်းလွှာအား အပတ်စဥ် ဖြန့်ဝေနေကြောင်း ပကဖအသံက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်သတင်းလွှာကို အောက်တိုဘာလဆန်းမှစ၍ မိုးကုတ်မြို့နယ်ပြည်သူများထံ အပတ်စဉ် အစောင်ရေ နှစ်ရာခန့် စတင်ဖြန့်ဝေနေကြောင်း သိရသည်။

မိုးကုတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ဇူလိုင်၂၄ရက်တွင် အပြီးသတ် သိမ်းယူထားသည်။

မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က "ဇော်မဲလုံး ညီမလား"လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။

သတင်း

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

သတင်း

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း

တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။