Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီထောင်တွင် ဆေးဝါးစောင့်ရှောက်မှုမလုံလောက်၍ နိုင်ကျဉ်းတစ်ဦး ထပ်မံသေဆုံး

ယခုနှစ် အကျဉ်းထောင်များအတွင်း သေဆုံးသူနိုင်ကျဉ်း ၁၄ဦးအထိရှိလာ

သာယာဝတီအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ဆေးဝါးစောင့်ရှောက်မှုမလုံလောက်၍ သေဆုံးခဲ့ပြီး ယခုနှစ် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဥ်းသား သေဆုံးသူ ၁၄ ဦးအထိ ရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်က ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်တွင် အသည်းရောဂါ ခံစားနေရသည့် (၄၁)နှစ်အရွယ် နိုင်ငံရေးအကျဥ်းသား ကိုဌေးအောင်ကျော်မှာ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုမလုံလောက်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

၎င်းသည် ၂၀၂၁ ဒီဇင်ဘာ ၅ရက်က ဘားအံမြို့တွင် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ၅၀(ဂ)၊၅၀(ည)တို့ဖြင့် ထောင်ဒဏ်၁၅နှစ် မတရားချမှတ်် ခံခဲ့ရသူဖြစ်သည်။

Public Service Announcement

Public Service Announcement

ကိုဌေးအောင်ကျော်အား ဖမ်းဆီးချိန်မှစ၍ ညှင်းပန်းနှိပ်စက်မှုများ ခံခဲ့ရပြီး ဘားအံ တောင်ကလေးထောင်၊ ကျိုက်မရောထောင်နှင့် သာယာဝတီအကျဉ်းထောင်များသို့ အဆင့်ဆင့်ပြောင်းရွှေ့ခံခဲ့ရကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။

သာယာဝတီထောင်၌ တိုက်ထဲတွင် ချုပ်နှောင်ခြင်းခံခဲ့ရပြီး အသည်းရောဂါပြင်းထန်လာသည့် ကိုဌေးအောင်ကျော်အား ၂၀၂၄ ဇူလိုင်တွင်တစ်ကြိမ် ထောင်ပြင်ပဆေးရုံသို့ပို့ပေးခဲ့ကြောင်း၊ သို့သော် စက်တင်ဘာတွင်မှု ရောဂါပြန်လည်သက်သာလာကြောင်း ပြော၍ သာယာဝတီထောင်သို့ ပြန်လည်ခေါ်ဆောင်ချုပ်နှောင်ခဲ့ကြောင်း PPNMက အသိပေးသည်။

ထောင်ထဲတွင် နှစ်ပတ်ကြာခန့် ပြန်လည်နေထိုင်ရစဉ် အသဲရောဂါပိုမိုဆိုးရွားလာပြီး ထောင်ပြင်ပဆေးရုံသို့ ပြန်လည်ပြသရန်လိုအပ်နေချိန် အချိန်မီ ပို့ဆောင်ခြင်းမရှိ၍ ထောင်ပြင်ပဆေးရုံသို့ရောက်ရှိချိန်တွင် သတိလစ်မေ့မျောကာ အောက်တိုဘာ ၁၃ရက် ညနေ၆နာရီတွင် ကျဆုံးခဲ့ကြောင်း PPNMက ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ရဲဘော်တွေဟာ အကျဥ်းထောင်ထဲမှာ ကျဆုံးသွားကြရပြီ။ နောက်လူတွေထပ်မဖြစ်ဖို့ ကျွန်တော်တို့ကြိုးစားဖို့လိုအပ်တယ်။ အဲဒီအတွက် ICRC အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့၊ ကုလသမဂ္ဂအဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့အကျဥ်းဦးစီးဌာနကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ၊ ဖိအားပေးမှုတွေ ပြုလုပ်ပေးပါ။ နိုင်ငံရေးအကျဥ်းသားများ ချွင်းချက်မရှိ လွတ်မြောက်ရေးကို ဒီ့ထက်ပိုပြီးလက်တွေ့ကျတဲ့ ဖော်ဆောင်မှုတွေကို လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

၂၀၂၄ ဇန်နဝါရီမှ အောက်တိုဘာ ၁၅ရက်အထိ အကျဉ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသားကိုဌေးအောင်ကျော်အပါအဝင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ၁၄ဦး ကျဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

ယမန်နှစ် မေလအတွင်းကလည်း သာယာဝတီအကျဥ်းထောင်၌ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၄၃၆) တို့ဖြင့် ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသူ (၂၅)အရွယ် ကိုပြည့်ဖြိုးဝင်း (ခ)မဲကြီးဆိုသူ သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။