Connect with us

Hi, what are you looking for?

သတင်း

နယ်မြေလုံခြုံရေးလုပ်ဆောင်နေသော KNDF တပ်ရင်း(၂)

နယ်မြေလုံခြုံရေးနှင့် စစ်ရေးပြင်ဆင်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်းအမှတ် (၂)က ထုတ်ပြန်သည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF (2)

ရဲခေါင်/People’s Spring

နယ်မြေလုံခြုံရေးနှင့် စစ်ရေးပြင်ဆင်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်းအမှတ် (၂)က ထုတ်ပြန်သည်။

KNDF တပ်ရင်း (၂)သည် ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်ကို အခြေပြု၍ စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သက်ဆိုင်ရာတပ်ဖွဲ့ တပ်ဖွဲ့ တပ်ရင်းအလိုက် စစ်ရေးတွေကတော့ အမြဲလှုပ်ရှားနေကြပါတယ်။စစ်ရေးပိုထူးတဲ့ ပင်လောင်းဘက်ဆိုလည်း တပ်ရင်းတချို့တိုးချဲ့ ထားတာရှိတယ်။ရွာသစ်မြို့ဘက်မှာတော့ စကစ စခန်းငယ်တချို့ရတာရှိတယ်”ဟု ကရင်နီတပ်ပေါင်းစုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဇူလိုင်ကစတင်သော စစ်ကောင်စီ၏ ကရင်နီပြည် နယ်သို့ ထိုးစစ်ဆင်မှုကြောင့် လွိင်ကော်- ဒီးမော့ဆို လမ်းမကြီးကို အသုံးမပြုသေးရန်လည်း KNDF တပ်ရင်း (၂)က သတိပေးထားသည်။

ယမန်နှစ်ကုန်ပိုင်းက “၁၁၁၁ စစ်ဆင်ရေး”နှင့်အတူ လွိုင်ကော်မြို့ကိုပါ ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး မြို့လယ်ရပ်ကွက်များကိုပါ လအတန်ကြာ ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် စစ်ကောင်စီ၏ ပင်မအခြေစိုက်တပ်များကို သိမ်းပိုက်နိုင်မှုမရှိခြင်း၊လေကြောင်းတိုက်ခိုက်မှုများပြားခြင်းနှင့် မြေပြင်စစ်ကူများစွာရောက်ရှိလာ၍ လွိုင်ကော်မြို့ကို ကရင်နီတပ်ပေါင်းစုဘက်က ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်ဘက်မှ ဖယ်ခုံမြို့သို့ စစ်ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။