Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်မှာ ညပိုင်းအပြင်ထွက်သူအမျိုးသားအချို့ ဖမ်းခံရ

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်အတွင်း ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူအမျိုးသားအချို့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်အတွင်း ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူအမျိုးသားအချို့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက် ၊ ကျေးရွာ က ဒေသခံတွေ ဖမ်းခံရတာဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက် ညပိုင်းကတင် အမျိုးသား ၂ ဦး ဖမ်းခံရတယ်လို့ ရွာရှည်ကျေးရွာ မှာနေထိုင်သူတစ်ဦးက ပြော ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားတာကြောင့် ညပိုင်းအပြင်မထွက်ဖို့ ပုသိမ်ကြီးမြို့နယ် ၊ စစ်ကောင်စီ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့တွေက လိုက်လံ သတင်းဖြန့် တာရှိတယ်လို့ သိရပါတယ်။

ညပိုင်းအပြင်ထွက်လို့ ဖမ်းခံရသူတွေကို စစ်တပ်ထဲ ထည့်မယ်ဆိုတဲ့သတင်းတွေလည်း ပြန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့ဘေးက ပုသိမ်ကြီးမြိုနယ်ထဲကို မန္တလေး PDF က ထိုးဖောက်ဝင်ရောက်ပြီး စစ်ကောင်စီတပ်စခန်း အချို့ကို သိမ်းယူထားပါတယ်။

ပုသိမ်ကြီး ဟာ မန္တလေးမြို့နဲ့ မိုင် ၂၀ ခန့်သာဝေးတာကြောင့် တိုက်ပွဲတွေ နီးကပ်လာချိန်မှာ ပုသိမ်ကြီး မြို့ပေါ် နဲ့ မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ် ၁ဦးကို လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးတွေနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အညာမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ နဂိုကတည်းကမှ ပူလွန်းတဲ့မြို့ပါ။ အခု အယ်လ်နီညိုကြောင့် အပူပေါ် အပူထပ်ဆင့်နေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါပြီ။