Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်မှာ ညပိုင်းအပြင်ထွက်သူအမျိုးသားအချို့ ဖမ်းခံရ

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်အတွင်း ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူအမျိုးသားအချို့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်အတွင်း ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူအမျိုးသားအချို့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက် ၊ ကျေးရွာ က ဒေသခံတွေ ဖမ်းခံရတာဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက် ညပိုင်းကတင် အမျိုးသား ၂ ဦး ဖမ်းခံရတယ်လို့ ရွာရှည်ကျေးရွာ မှာနေထိုင်သူတစ်ဦးက ပြော ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားတာကြောင့် ညပိုင်းအပြင်မထွက်ဖို့ ပုသိမ်ကြီးမြို့နယ် ၊ စစ်ကောင်စီ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့တွေက လိုက်လံ သတင်းဖြန့် တာရှိတယ်လို့ သိရပါတယ်။

ညပိုင်းအပြင်ထွက်လို့ ဖမ်းခံရသူတွေကို စစ်တပ်ထဲ ထည့်မယ်ဆိုတဲ့သတင်းတွေလည်း ပြန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့ဘေးက ပုသိမ်ကြီးမြိုနယ်ထဲကို မန္တလေး PDF က ထိုးဖောက်ဝင်ရောက်ပြီး စစ်ကောင်စီတပ်စခန်း အချို့ကို သိမ်းယူထားပါတယ်။

ပုသိမ်ကြီး ဟာ မန္တလေးမြို့နဲ့ မိုင် ၂၀ ခန့်သာဝေးတာကြောင့် တိုက်ပွဲတွေ နီးကပ်လာချိန်မှာ ပုသိမ်ကြီး မြို့ပေါ် နဲ့ မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲမှာ ကစားသမားတွေတင်မကဘဲ နှစ်ဘက်ပရိသတ်တွေပါ အငြင်းပွားမှုဖြစ်ပြီး တုတ်တွေ၊ခဲတွေနဲ့ပါ ပစ်ပေါက်ခဲ့ကြတာကြောင့် ပွဲပျက်သွားခဲ့ပါတယ်။