Connect with us

Hi, what are you looking for?

သတင်း

အကျဉ်းထောင်များ၌ အကျဥ်းသားများ​၏ ကိုယ်ရေးအချက်အလက်များ ထပ်ကောက်နေ

အချို့အကျဉ်းထောင်များတွင် ကောက်ယူမှု မရှိသေးသော်လည်း မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းသားအားလုံးထံမှ ကောက်ယူမည်ဟု သိရှိထားကြောင်း PPNMက ထပ်မံ အသိပေးထားသည်။

(အင်းစိန်​ထောင်​​ရှေ့တွင် စစ်​ကောင်စီ၏ အကျဥ်းဦးစီးမှ လုံခြုံ​ရေးဝန်ထမ်းအချို့အားတွေ့ရစဥ် ။ဓာတ်ပုံ - AFP)
(အင်းစိန်​ထောင်​​ရှေ့တွင် စစ်​ကောင်စီ၏ အကျဥ်းဦးစီးမှ လုံခြုံ​ရေးဝန်ထမ်းအချို့အားတွေ့ရစဥ် ။ဓာတ်ပုံ - AFP)

ဇေအောင်/People’s Spring

အကျဉ်းထောင်များ၌ အကျဥ်းသားများ​၏ ကိုယ်ရေးအချက်အလက်များ ထပ်မံကောက်ယူနေ၍ အကျဥ်းသားများစိုးရိမ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ၂၀၂၄ စက်တင်ဘာကစ၍ အကျဉ်းသား၊အကျဥ်းသူများ၏ အချက်အလက်အချို့ကို အကျဥ်းဦးစီးဝန်ထမ်းများက မေးမြန်းနေကြောင်း၊ ထောင်ရောက်ချိန်မှစ၍ ထောင်အဝင်၌ ကိုယ်ရေးအချက်အလက် ၃၂ချက်ကို ကောက်ထားပြီးဖြစ်၍ ထပ်မံကောက်ယူမှုအပေါ် အကျဉ်းသားများ စိုးရိမ်ပူပန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“ရှိပြီးသားအချက်အလက်တွေကို ထပ်တောင်းတဲ့အခါမှာ လက်ရှိအထဲက လူတွေရဲ့ စိုးရိမ်စိတ်ကိုပဲ တဆင့်ခံပြီးမှ ပြန်ပြောရမယ်ဆိုရင်တော့ သူတို့ရဲ့အချက်အလက်ဒေတာတွေကို အသုံးပြုပြီးတော့ ရွေးကောက်ပွဲ၊ အခြားပြည်သူ့ထောက်ခံပွဲတွေမှာ နိုင်ငံရေးအကျိုးအမြတ်ရရှိရေး အသုံးပြုသွားမှာစိုးရိမ်နေကြရတယ်။ တချို့တွေကျတော့လည်း စစ်မှုထမ်းထဲကို အကျုံးဝင်မယ့်သူတွေ သိချင်လို့ကောက်တယ်ဆိုတဲ့ယူဆချက်လည်းရှိနေတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကျဉ်းဦးစီးဝန်ထမ်းများ၏ မေးမြန်းမှုများတွင် အမည်၊ အဘအမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနှင့် အိမ်ထောင်ရှိ၊မရှိကို အဓိက မေးမြန်းနေပြီး အကျဉ်းထောင်တစ်ခုနှင့် တစ်ခုတွင် မေးမြန်း‌မှုများ မတူညီဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရန် သန်းခေါင်စာရင်းကောက်ယူနေ၍ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများသည် မဲပေးခွင့်မရှိသော်လည်း မဲမသမာမှုများ ပြုလုပ်မည်ကိုလည်းကောင်း၊ စစ်ရေးအရ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းများ ဖြစ်ပေါ်လာမည်ကိုလည်းကောင်း အသီးသီး စိုးရိမ်နေကြောင်း PPNMက အသိပေးသည်။

အချို့အကျဉ်းထောင်များတွင် ကောက်ယူမှု မရှိသေးသော်လည်း မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းသားအားလုံးထံမှ ကောက်ယူမည်ဟု သိရှိထားကြောင်း PPNMက ထပ်မံ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။