Connect with us

Hi, what are you looking for?

သတင်း

NUGနှင့် K2C ပူးတွဲသတင်းစာရှင်းလင်းမည်

တော်လှန်ရေးအဖွဲ့များ ပူးပေါင်းထုတ်ပြန်သည့် ဦးတည်ချက် ၆ရပ်တွင် စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလလုံးကို ဒီမိုကရေစီ နည်းကျ

NUGနှင့် K2C ပူးတွဲသတင်းစာရှင်းလင်းမည်
NUGနှင့် K2C ပူးတွဲသတင်းစာရှင်းလင်းမည်

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့ ပူးပေါင်းပြီး နိုဝင်ဘာ ၅ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း KNUက အသိပေးထုတ်ပြန်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၅ရက် မွန်းလွဲ ၃နာရီခွဲတွင် ပြုလုပ်မည်ဟု အသိပေးထားသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ၂၀၂၄ ဇန်နဝါရီ ၃၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးသည့်နောက်ပိုင်း နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်မှုများ၊ ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ ယခုကဲ့သို့ ပူးတွဲသတင်းစာရှင်းလင်းခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအဖွဲ့များအကြား လက်ရှိ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုပိုင်းတွင် အပြန်အလှန် နားလည်မှု ပိုမိုတိုးတက်လာကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်သည့် CNF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“စစ်ရေး၊ နိုင်ငံရေးမှာ ယုံကြည်မှု တည်ဆောက် ပြီး ပြည်သူ ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖို့ ကြိုးပမ်းဆောင်ရွက်စေချင်တယ်”ဟုလည်း ဆလိုင်းထက်နီက ပြောသည်။

NUG နှင့် K2C ဟု​ခေါ်ဆိုကြ​သော KNU၊ KNPP ၊ CNF တို့က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ရက် ဘုံသဘောထားရပ်တည်ချက်တွင် စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး ဖိအားပေးပြီးစစ်အာဏာသိမ်းမှုကို ဖယ်ရှားမည်ဟု အသိပေးထားသည်။

ထို့ပြင် စစ်တပ်သည် နိုင်ငံရေး၌ ပါဝင်ခြင်းအဆုံးသတ်ရန် အပါအဝင် ဦးတည်ချက် ၆ရပ်အား စစ်ကောင်စီ လက်ခံပါက အေးချမ်းတည်ငြိမ်စွာအာဏာလွှဲပြောင်းခြင်းများအတွက် ဆွေးနွေးမည်ဟုလည်း ဘုံရပ်တည်ချက်တွင် ဖော်ပြသည်။

တော်လှန်ရေးအဖွဲ့များ ပူးပေါင်းထုတ်ပြန်သည့် ဦးတည်ချက် ၆ရပ်တွင် စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလလုံးကို ဒီမိုကရေစီ နည်းကျ

ရွေးကောက်တင်မြှောက်ထားသည့် အရပ်သား အစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အ၀ ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ် နှင့် ဒီမိုကရေစီ စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းရန် စသည်တို့ ပါဝင်သည်။

ထို့အပြင် ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန် အချက်များ ပါရှိသည်။

တော်လှန်ရေးအဖွဲ့များ၏ ဘုံရပ်တပ်ချက်များကို ဖော်ပြရာ မြန်မာစစ်တပ်၏ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းမှုသည် တရားမဝင်ကြောင်း ကြေညာပြီးအာဏာသိမ်းမှုကို အကြွင်းမဲ့ဆန့်ကျင်ရှုတ်ချကြောင်း၊ အာဏာသိမ်းမှုသည် မြန်မာစစ်တပ်ကိုယ်တိုင် တဖက်သတ် ရေးဆွဲပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက် များကို ချိုးဖောက်ခဲ့ခြင်းဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တရားမဝင်တော့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။