Connect with us

Hi, what are you looking for?

သတင်း

မောင်တောရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ စစ်ရှောင် ၄ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရ

မောင်တောမြို့နယ်၊ ပြားသားကျေးရွာဘုန်းကြီး‌ ကျောင်းကို ည၇နာရီ ၁၃မိနစ်နှင့် ၇နာရီ ၃၀မိနစ် တွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

(မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက ၂၀၂၄ အောက်တိုဘာ ၂၁ ရက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက ၂၀၂၄ အောက်တိုဘာ ၂၁ ရက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို နိုဝင်ဘာ၂ရက် ညပိုင်းက စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံလေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

မောင်တောမြို့နယ်၊ ပြားသားကျေးရွာဘုန်းကြီး‌ ကျောင်းကို ည၇နာရီ ၁၃မိနစ်နှင့် ၇နာရီ ၃၀မိနစ် တွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

” တိုက်ပွဲတွေကြောင့် ဒေသခံတွေလာခိုလှုံနေတဲ့ နေရာကို တည့်တည့်ပစ်တာ။ တိုက်ပွဲနေရာနဲ့ဆို အဝေးကြီးပါဗျ။ နာရေးတောင်ဖြောင့်ဖြောင့်မလုပ်ရဲပါ”ဟု မောင်တောမြို့တွင် လက်ရှိနေထိုင်သူနှင့် နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများမှာ အသက် (၅၀)ကျော် အရွယ်များဖြစ်သည့် ဦးရွှေကျော်၊ ဦးမောင်သန်းနှင့် ဒေါ်မစောရီ၊ အသက်(၁၇)နှစ်အရွယ် မောင် ထွန်းထွန်းဝင်းတို့ ဖြစ်သည်။ ၎င်းတို့သည် မောင်တောမြို့ပေါ်ရပ်ကွက်များမှ လာရောက်တိမ်းရှောင်နေကြသူများဖြစ်သည်။

ဒဏ်ရာရသူနှစ်ဦးအနက် သက်တော် (၇၂)နှစ်အရွယ် သံဃာတော်တစ်ပါးပါဝင်သည်။

မောင်တောမြို့နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေပြီး တိုက်ပွဲပြင်းထန်နေချိန်အတွင်း ဒေသခံများသည် အခက်အခဲများကြုံတွေ့နေသည်။ မောင်တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်(AA)က သြဂုတ်၄ ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး စခန်းအများအပြားသိမ်းယူထားနိုင်သော်လည်း စစ်‌ကောင်စီက နောက်ဆုံးကျန်ရှိနေသည့် နယ်ခြားစောင့်ရဲ ဌာနချုပ် နခခ (၅)မှ ခုခံနေသည်။ ထိုနေရာကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် လက်နက်၊ လူ၊ ရိက္ခာများ ပို့နေပြီး မြို့ပေါ်ရပ်ကွက်များကို လေကြောင်းမှလည်းတိုက်ခိုက်နေသည်။

အောက်တိုဘာ ၂၁ရက်က မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲချရာ အရပ်သားငါးဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် အောက်တိုဘာလကုန်က သံတွဲ၊ အမ်း၊တောင်ကုတ်မြို့နယ်တို့ကိုလည်း လေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၂၀ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေထိုင်ရာကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။