Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာတွင် စစ်ကောင်စီနှင့်ဆက်နွယ်သည့် နေအိမ်နှင့်ဆိုင် ပေါက်ကွဲမှုဖြစ်၊ လူသုံးဦး ဒဏ်ရာပြင်းထန်

ပေါက်ကွဲမှုဖြစ်ပွားသည့် အပြင်ပဒံရပ်ကွက်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်သည်ဆိုသော ဂတ်စ်အိုးအရောင်းဆိုင်နှင့် နေအိမ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(လှိုင်သာယာရှိ ဂတ်စ်အိုးအရောင်းဆိုင် ပေါက်ကွဲမှု မီးလောင်နေသည်ကို မီးသတ်ကားများ မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - CJ)
(လှိုင်သာယာရှိ ဂတ်စ်အိုးအရောင်းဆိုင် ပေါက်ကွဲမှု မီးလောင်နေသည်ကို မီးသတ်ကားများ မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - CJ)

မက်ကစံ/People’s Spring

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အပြင်ပဒံရပ်ကွက်၌ ယနေ့(နိုဝင်ဘာ ၃ရက်)နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူသုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် အပြင်ပဒံရပ်ကွက်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်သည်ဆိုသော ဂတ်စ်အိုးအရောင်းဆိုင်နှင့် နေအိမ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယနေ့နံနက် ၄နာရီ ၄၅မိနစ်တွင် ဂတ်စ်အိုးအရောင်းဆိုင်၌ ကနဦးပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့ကြောင်း၊ ထို့နောက် မီးသတ်ကားများ လာရောက်မီးငြှိမ်းသတ်စဉ် နံနက် ၆နာရီခန့်တွင် လမ်းတစ်ဖက်ရှိ အဆိုပါ ဂတ်စ်အိုးအရောင်းဆိုင်​၏ နေအိမ်၌ ပေါက်ကွဲမှုထပ်မံဖြစ်ခဲ့ခြင်းဟု လှိုင်သာယာမြို့နယ် ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” နောက်တစ်လုံးက နောက်မှ ပေါက်တာဆိုတော့ လာကြည့်တဲ့သူတွေ ထိကုန်တာလား မသိဘူး။ သုံးယောက် ဆွဲထုတ်သယ်သွားတယ်ပြောတယ်။ ပထမပေါက်တာ မီးလောင်နေတုန်း မီးသတ်နေတုန်း ထပ်ပေါက်တာလို့ သိရတယ်”ဟု လှိုင်သာယာမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ သေဆုံးလျှက် သယ်ဆောင်သွားသည့် အနေအထားဟု မြင်တွေ့ရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ပေါက်ကွဲမှုဖြစ်သည့် ဆိုင်နှင့်နေအိမ်သည် စစ်ကောင်စီနှင့်ဆက်နွယ်သည့် အကောင်ကြီးကြီး ဟု ပြောဆိုနေကြသည်ဟု လှိုင်သာယာမြို့ခံတစ်ဦးက ပြောသည်။

“အခုလိုဖြစ်မှ သူတို့က အကောင်ကြီးကြီးဆိုပြီး ပြောဆိုနေကြတာ။ အစက ဘယ်သူမှ မသိကြဘူး”ဟု ၎င်းက ပြောသည်။ သို့သော် အဆိုပါအချက်အလက်နှင့်ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုက်သေးပေ။

ထို့အပြင် ပေါက်ကွဲမှုကြောင့် အိမ်စီးကားတစ်စီးအပါအဝင် ကားနှစ်စီးပျက်စီးခဲ့သည်ဟုလည်း သတင်းရရှိသည်။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား အများအပြား လှိုင်သာယာမြို့အတွင်း ရောက်ရှိစစ်ဆေးနေပြီး ပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြရန်လည်း လှိုင်သာယာမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။