Connect with us

Hi, what are you looking for?

သတင်း

ထရမ့်သမ္မတဖြစ်လာရင် ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်တွေကို အမေရိကန်လက်ခံမှု ပယ်ဖျက်နိုင်ခြေရှိဟုဆို

အမေရိကန် ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရခဲ့သူ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ ပြည်ပကနေ ရွှေ့ပြောင်း အခြေချလာသူတွေအပေါ် ခါးသီးတဲ့ အမြင်မျိုး ရှိသူ ဖြစ်ပါတယ်။

ထရမ့်သမ္မတဖြစ်လာရင် ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်တွေကို အမေရိကန်လက်ခံမှု ပယ်ဖျက်နိုင်ခြေရှိဟုဆို
ထရမ့်သမ္မတဖြစ်လာရင် ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်တွေကို အမေရိကန်လက်ခံမှု ပယ်ဖျက်နိုင်ခြေရှိဟုဆို

-People’s Spring

အမေရိကန် ရွေးကောက်ပွဲ ရလဒ်ကို အကြောင်းပြုပြီး ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာ ဒုက္ခသည်တွေ အမေရိကန်ဆီ ရွှေ့ပြောင်း အခြေချခွင့် အစီအစဉ်တွေ ပယ်ဖျက်ခံရဖွယ် ရှိနေကြောင်း လူ့အခွင့်အရေးပညာရှင် တစ်ဦးက သတိပေးခဲ့ပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရခဲ့သူ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ ပြည်ပကနေ ရွှေ့ပြောင်း အခြေချလာသူတွေအပေါ် ခါးသီးတဲ့ အမြင်မျိုး ရှိသူ ဖြစ်ပါတယ်။

လက်ရှိ အမေရိကန် အစိုးရဟာ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို စိစစ် လက်ခံပြီး အခြေချ ခိုလှုံခွင့် ပေးနေပေမယ့် ထရမ့်အာဏာရလာရင် အဲဒီ အစီအစဉ်ကို ဖျက်သိမ်းနိုင်တယ်လို့ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အားပေးကူညီမှုအဖွဲ့ (AHRLA)ရဲ့ ဒါရိုက်တာ ဖိလစ် ရောဘတ်ဆန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အမေရိကန် အစိုးရရဲ့ အစီအစဉ်ထဲမှာတော့ လူနည်းစု တိုင်းရင်းသားအများစု ပါဝင်တဲ့ ဒုက္ခသည် ၆၀၀၀၀ လောက်ကို အမေရိကန် အပါအဝင် တခြား တတိယ နိုင်ငံတွေမှာ ရွှေ့ပြောင်း နေရာချပေးဖို့ ရည်ရွယ်ထားပါတယ်။

ထိုင်းနဲ့ အမေရိကန် အစိုးရတွေ ဆွေးနွေးပြီးတဲ့နောက် ထိုင်းနယ်စပ် ဒုက္ခသည် စခန်းတွေကို အပြီးပိတ်သိမ်းနိုင်ရေးအတွက် အဲဒီ အစီအမံကို သဘောတူခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အမေရိကန်မှာ အစိုးရ ပြောင်းတော့မှာဖြစ်ပြီး အဲဒီ သဘောတူညီမှုကို ဆက်လက် အကောင်အထည်ဖော်ဖို့ မသေချာတော့ပါဘူး။

ထရမ့်ဟာ လူ့အခွင့်အရေး ရှုထောင့်ကို ဘယ်တုန်းကမှ ဦးစားမပေးခဲ့ဘူးလို့ ရောဘတ်ဆန်က ပြောပါတယ်။ ထရမ့်ဟာ ရွှေ့ပြောင်းအခြေချမှုတွေကို ဆန့်ကျင်တဲ့ မူဝါဒတွေကို အကောင်အထည် ဖော်လာချိန်မှာ နောက်ဆက်တွဲ အရှုပ်အထွေးတွေ၊ ဂယက်တွေပါ ကြုံလာရနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

ဥပမာ အမေရိကန်မှာ နှစ်တွေနဲ့ချီ နေထိုင်ခဲ့ပေမယ့် အမေရိကန် နိုင်ငံသား မဟုတ်သူတွေကို ဖမ်းဆီးပြီး နယ်နှင်တာမျိုးတွ ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။ ရောဘတ်ဆန်က အဲဒီလို နယ်နှင်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် မိသားစုတွေ ကွဲကွာတာ၊ အာဏာပိုင်တွေနဲ့ လူထုကြားမှာ တင်းမာတာတွေ ဖြစ်လာနိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် ထရမ့်ရဲ့ မူဝါဒတွေကို လက်မခံနိုင်တဲ့ ဒီမိုကရက်တစ်ပါတီ အုပ်စိုးရာ ပြည်နယ်တွေမှာ အဲဒီပြဿနာမျိုးတွေ ပိုမို ဖြစ်ပေါ်လာနိုင်တယ်လို့ ရောဘတ်ဆန်က ဆိုပါတယ်။

ထရမ့်ဟာ အမေရိကန်မှာ အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်ခွင့်၊ ဖျက်ချခွင့် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပိုမို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်မယ့် မူဝါဒမျိုး ပြဋ္ဌာန်းဖို့ပါ ဖိအားပေးလာဖွယ် ရှိကြောင်း သူက သတိပေးသွားခဲ့ပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။