Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့် အမေရိကန် သမ္မတ ပြန်ဖြစ်လာခြင်းဟာ ယူကရိန်းအတွက် သတင်းဆိုးလို့ ပူတင်ရဲ့ လက်ရုံးပြော

ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်ခဲ့တဲ့ ကာလတလျှောက်လုံးမှာ လက်ရှိ အမေရိကန် အစိုးရက ယူကရိန်းအတွက် စစ်စရိတ် အများအပြား ထောက်ပံ့ပေးတာကို ဝေဖန်ခဲ့သူပါ။

ထရမ့် အမေရိကန် သမ္မတ ပြန်ဖြစ်လာခြင်းဟာ ယူကရိန်းအတွက် သတင်းဆိုးလို့ ပူတင်ရဲ့ လက်ရုံးပြော
ထရမ့် အမေရိကန် သမ္မတ ပြန်ဖြစ်လာခြင်းဟာ ယူကရိန်းအတွက် သတင်းဆိုးလို့ ပူတင်ရဲ့ လက်ရုံးပြော

ဒေါ်နယ်လ်ထရမ့် အမေရိကန် သမ္မတ ပြန်ဖြစ်လာခြင်းဟာ ယူကရိန်းအတွက် သတင်းဆိုး ဖြစ်လိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်ရုံးတစ်ဦးက ပြောကြားလိုက်ပါတယ်။

ရုရှား သမ္မတဟောင်း တစ်ဦးလည်းဖြစ်တဲ့ ဒီမစ်ထရီ မက်ဗီဒက်ဗ်က နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရပြီး အိမ်ဖြူတော်ဆီ တစ်ကျော့ပြန်လာမယ့် ကိစ္စဟာ ရုရှားနဲ့ စစ်ခင်းနေတဲ့ ယူကရိန်းအတွက် ခေါင်းခြောက်စရာ ဖြစ်လာစေမှာ သံသယရှိဖို့ မလိုကြောင်း ဆိုပါတယ်။

သူက ထရမ့်ဟာ ယူကရိန်းဆီ အမေရိကန် ထောက်ပံ့ပေးနေတဲ့ စစ်ရေး အကူအညီတွေကို သေချာပေါက် ဖြတ်တောက် လျှော့ချမယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ထရမ့်က စစ်ပွဲအတွက် အမေရိကန် စရိတ် ထောက်ပံ့နေတာတွေကို ဘယ်အတိုင်းအတာထိ ဖြတ်တောက်မလဲ ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ သုံးသပ်ခဲ့ပါတယ်။

ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်ခဲ့တဲ့ ကာလတလျှောက်လုံးမှာ လက်ရှိ အမေရိကန် အစိုးရက ယူကရိန်းအတွက် စစ်စရိတ် အများအပြား ထောက်ပံ့ပေးတာကို ဝေဖန်ခဲ့သူပါ။

Public Service Announcement

Public Service Announcement

၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်ထိ အမေရိကန် သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ထရမ့်ဟာ လာမယ့်နှစ်ဆန်းပိုင်းကျရင် အမေရိကန် သမ္မတ နေရာဆီ တကျော့ပြန် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ထရမ့်ဆီမှာ ရုရှားအတွက် အကျိုးရှိစေမယ့် အရည်အသွေး တစ်ခုရှိကြောင်း၊ သူဟာ ဇာတ်လမ်းရှည်တဲ့၊ ညံ့ဖျင်းတဲ့ မဟာမိတ်မျိုးတွေအတွက် ငွေတွေသုံးနေရတာကို မနှစ်မြို့တဲ့ စီးပွားရေးသမား အမြင်မျိုး ရှိကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ထောက်ပံ့တာတွေနဲ့ ထိရောက်မှု ကင်းမဲ့တဲ့ ပရဟိတ လုပ်ငန်းတွေကိုလည်း မကြိုက်ကြောင်း မက်ဗီဒက်ဗ်က Instagramမှာ မှတ်ချက်ပြု ရေးသားထားခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ဟာ ယူကရိန်းအတွက် အများကြီး ငွေမသုံးချင်ဘူး ဆိုရင်တောင်မှ လုံးဝ မျက်ကွယ်ပြုထားပြီး နေဖို့တော့ မဖြစ်နိုင်လောက်ဘူးလို့လည်း မက်ဗီဒက်ဗ်က ဆိုတယ်။ အမေရိကန်ရဲ့ နိုင်ငံရေး စနစ်အရ ထရမ့်ဟာ စစ်ပွဲအတွက် ငွေကြေးထောက်ပံ့ပေးနေဖို့ ဖိအားပေးမှာ သေချာကြောင်း၊ ထရမ့်က ခေါင်းမာပေမယ့် စနစ်က ပိုပြီး ခိုင်မာတယ်လို့ ယူဆကြောင်းလည်း သူက သုံးသပ်ပြသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။