Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေသည့် မင်းတပ်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွင်လည်း မင်းတပ်၌ တော်လှန်ရေးတပ်ဖွဲ့နှင့် မင်းတပ် အခြေစိုက် ခလရ(၂၇၄)တပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ရေးသားထားသည်။

(ယနေ့ နံနက်က မင်းတပ်မြို့မီးလောင်နေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)
(ယနေ့ နံနက်က မင်းတပ်မြို့မီးလောင်နေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)

ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ယနေ့(နိုဝင်ဘာ ၉ရက်) နံနက်ကစ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ညနေပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF) လှုပ်ရှားရာ မင်းတပ်မြို့တွင် ယနေ့နံနက်ပိုင်းကစ၍ ပစ်ခတ်မှုများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နေအိမ်မီးရှို့မှုများရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွင်လည်း မင်းတပ်၌ တော်လှန်ရေးတပ်ဖွဲ့နှင့် မင်းတပ် အခြေစိုက် ခလရ(၂၇၄)တပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ရေးသားထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ်ဒေသသတင်းများ အသိပေးနေသည့် ဒေသခံက စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုသတင်းကို လူမှုကွန်ရက်၌ ရေးသားခဲ့ရာ ညနေ ၄နာရီ ၁၉မိနစ်နှင့် ၄နာရီ ၂၃မိနစ်တွင် မင်းတပ်မြို့ အနောက်ဖက် တစ်နေရာကို တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

” ဆောက်လုပ်ရေးလမ်းခွဲ ကားလမ်းမ ဘေးရှိ နေအိမ်များ၊ ဆိုင်ခန်းများ ယခုချိန်အထိ တစ်အိမ်ပြီးတစ်အိမ် မီးကူးကာ ဆက်လောင်နေဆဲလို့ ကြားသိရပါတယ်။၎င်း နေရာဝန်းကျင်ရှိနေအိမ်များမှာ အတန်းလိုက်ဖြစ်သောကြောင့်အိမ်ခြေများနိုင်တယ်လို့ခန့်မှန်းရပါတယ်”ဟု ဒေသခံက အသိပေးထားပြီး မီးရှို့ခံရသည့် နေအိမ်များတည်ရှိရာ ဓာတ်ပုံကိုလည်း ဖော်ပြသည်။ ယနေ့ နံနက်တွင် ခေါနူးရိပ်သာ တောင်ဘက်ခြမ်းရှိ ပြည်သူ့နေအိမ် ၁၀ လုံးခန့် မီးလောင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လေကြောင်း ပျံဝဲမှုများဆက်ရှိနေကြောင်း ဆက်သွယ်ရေးလိုင်း အခက်အခဲရှိသည်ဟုလည်း ဒေသခံက အသိပေးသည်။

မင်းတပ်မြို့တိုက်ပွဲသတင်းကို ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ခြင်းမရှိပေ။ CDF မင်းတပ် တာဝန်ရှိတစ်ဦးကို အဆက်အသွယ်ရသော်လည်း လတ်တလော တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ပြောကြားခြင်းမရှိသေးပေ။

မင်းတပ် CDFအနေဖြင့် မင်းတပ်မြို့သိမ်း တိုက်ပွဲ စစ်ဆင်ရေး ဖော်ဆောင်မည်ဟု အသိပေးထားပြီး အဆိုပါ စစ်ဆင်ရေးအတွက် ရန်ပုံငွေ ရှာဖွေမှုကိုလည်း နိုဝင်ဘာ ၁ရက်မှ ၃၀ရက်အထိသတ်မှတ်ထားသည်။

CDFမင်းတပ်သည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ကျင်ဒွေးမြို့နှင့် မတူပီမြို့သိမ်းတိုက်ပွဲများကို ချင်းညီနောင်အဖွဲ့ဝင်များ၊ အာရက္ခတပ်တော်(AA)၊ အခြားတော်လှန်ရေးတပ်များပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက် အောင်ပွဲရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။